ကချင်ပြည်နယ်တွင်း တိုက်ခိုက်နေသည့် အာဏာသိမ်းစစ်တပ်၏ စစ်ရဟတ် တစ်စီး ပျက်ကျ

ကချင်ပြည်နယ်တွင်း တိုက်ခိုက်နေသည့် အာဏာသိမ်းစစ်တပ်၏ စစ်ရဟတ် တစ်စီး ပျက်ကျ

 

ကချင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုလုပ်နေသည့် အာဏာသိမ်းစစ်တပ်၏ လေယာဉ်တစ်စီးကို ၂၀၂၁ ခုနှစ် မေလ (၃) ရက်နေ့ နံနက်ပိုင်းတွင် မိုးမောက်မြို့နယ်အတွင်း ပျက်ကျသွားကြောင်း သိရသည်။

ကချင်ပြည်နယ်ဘက်ကို နံနက် (၉)နာရီဝန်းကျင်က အာဏာသိမ်းစစ်တပ်က လေယာဉ် (၂) စီးဖြင့် တိုက်ခိုက်လာရာ (၁) စီးပျက်ကျသွားခြင်းဖြစ်ပြီး KIA က ပစ်ချခြင်းဖြစ်သည်ဟု ဒေသခံများက ယူဆနေကြောင်း ဒေသအခြေစိုက် Kachin News Group တွင် ဖေါ်ပြထားသည်။

တစ်လကြာအပစ်ရပ်သက်တမ်းတိုးမည်ဟု ကြေညာထားသည့် အာဏာသိမ်းစစ်တပ်က ကချင်ပြည်နယ်အတွင်း နေ့စဉ် တိုက်လေယာဉ်ဖြင့် အပြင်းအထန် ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေ၍ ဒေသခံအများအပြား နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရခြင်းဖြစ်သည်။

နိုင်ငံ့အာဏာသိမ်းထားသည့် စစ်တပ်က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူများအား နိုင်ငံတဝန်း အကြမ်းဖက်နှိမ်နှင်းနေသည့်အပြင် ကချင်နှင့် ကရင်ပြည်နယ်များအတွင်း လေကြောင်းမှ တိုက်ခိုက်မှုများကိုပါ ပြုလုပ်နေခြင်းဖြစ်သည်။

 

Photo: Jinghpaw Kasa, Kachin News Group