သီပေါမြို့နယ်တွင် အမျိုးသားတစ်ဦး လူနေအိမ်အတွင်း ကြိုးဆွဲချသေဆုံး 

သီပေါမြို့နယ်တွင် အမျိုးသားတစ်ဦး လူနေအိမ်အတွင်း ကြိုးဆွဲချသေဆုံး 

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်၊ ကုန်းသာကျေးရွာရှိ လူနေအိမ်တစ်ခုတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးနေသည်ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့ညနေပိုင်းက တွေ့ရှိရသဖြင့်စစ်ဆေးနေကြောင်း သိရသည်။

ပြည်ထောင်စုလမ်းမကြီး သီပေါ - လားရှိုး လမ်းပိုင်းရှိ ကုန်းသာကျေးရွာမှ နေအိမ်တစ်ခုတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးနေသည်ကို ဧပြီလ (၃၀) ရက်နေ့၊ ညနေ (၅) နာရီခွဲဝန်းကျင်၌ ကျေးရွာဒေသခံအချို့က တွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်နေရာကို ရဲတပ်ဖွဲ့ကစစ်ဆေးပြီးနောက် သေဆုံးနေသူအား နယ်စည်းမခြားပရဟိတအသင်း (သီပေါ)က သွားရောက်သယ်ဆောင်၍ သီပေါပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားသည်ဟု သိရသည်။