ငါတို့အတွက် ငါတို့ကာကွယ် .........

 ငါတို့အတွက် ငါတို့ကာကွယ် .........
ဧပြီ 30, 2021 | Covid-19

 ငါတို့အတွက် ငါတို့ကာကွယ် .........

❖ ရည်မှန်းချက်တွေ အောင်မြင်ဖို့ ကျန်းမာနေမှ ဖြစ်မှာပါ။

❖ ဒီကာလမှာ အပြင်ထွက်ရင် မဖြစ်မနေလုပ်ရမှာက Mask (နှာခေါင်းစည်း) တပ်ပါ။ 

❖ မြန်မာ့အိမ်နီးချင်းနိုင်ငံများမှာ  COVID 19 ကူးစက်မှုတွေ မြင့်တက်နေပြီး ကူးစက်နှုန်းလည်း ပိုမြန်နေပါတယ်။

❖ COVID-19 က အသက်ရှုလမ်းကြောင်းကနေ ကူးစက်စေတာဖြစ်လို့ ပါးစပ်နဲ့ နှာခေါင်းကို ဖုံးအုပ်ထားမယ့် Mask တပ်ထားခြင်းက ကူးစက်မှုကို ကာကွယ်နိုင်ပါမယ်။

❖ သုံးထားပြီး  Mask တွေရဲ့ အပြင်မျက်နှာပြင်ကိုမထိမိစေဘဲ စနစ်တကျစွန့်ပစ်ပါ။ အဝတ် Mask တွေသုံးတယ်ဆိုရင် အပြင်ကပြန်လာတာနဲ့ ဆပ်ပြာနဲ့လျှော်ဖွပ်ပါ။ 

❖ Mask မတပ်မီနဲ့ Mask ကို ဖြုတ်ပြီးချိန်မှာ လက်ကို ဆပ်ပြာ ဒါမဟုတ် အယ်လ်ကိုဟောပါတဲ့ hand gel နဲ့ ဆေးကြောပါ။

 

❖  https://t.me/TachileikNewsAgency/3212