တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းအတွင်း fever clinic သို့ ဒီဇင်ဘာလ(၅)ရက်နေ့ နံနက်ပိုင်းက လာရောက် စစ်ဆေးမှုခံယူသူ (၂၁)ဦးတွင် Covid-19 ပိုး မတွေ့

တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းအတွင်း fever clinic သို့ ဒီဇင်ဘာလ(၅)ရက်နေ့ နံနက်ပိုင်းက လာရောက် စစ်ဆေးမှုခံယူသူ (၂၁)ဦးတွင် Covid-19 ပိုး မတွေ့
ဒီဇင်ဘာ 5, 2020
By Tachileik News Agency
 
တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းအတွင်း fever clinic သို့ ဒီဇင်ဘာလ(၅)ရက်နေ့ နံနက်ပိုင်းက လာရောက် စစ်ဆေးမှုခံယူသူ (၂၁)ဦးတွင် Covid-19 ပိုး မတွေ့
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းအတွင်း fever clinic သို့ ၂၀၂၀ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့ နံနက်(၁၁)နာရီအထိ လာရောက်စစ်ဆေးမှု ခံယူသူ စုစုပေါင်း (၂၁)ဦး ရှိရာ အားလုံးတွင် ပိုးမတွေ့ရကြောင်း သိရသည်။ 
လတ်တလောဖြစ်ပွားနေသည့် Covid-19 နှင့်ပတ်သက်၍ ဆေးရုံဟောင်းအတွင်းရှိ Fever Clinic တွင် ထိတွေ့သံသယရှိသူများကို နေ့စဉ် ပိတ်ရက်မရှိ နံနက်(၇)နာရီမှ (၁၀)နာရီအထိ စစ်ဆေးပေးနေခြင်းဖြစ်ရာ ဒီဇင်ဘာလ (၃)ရက်နေ့ နှင့် ဒီဇင်ဘာလ(၅)ရက်နေ့တို့တွင် ပိုးမတွေ့ရခြင်းကြောင်း သိရသည်။
လာရောက် စစ်ဆေးသူများအနေဖြင့် စစ်ဆေးခ ကျပ်ငွေ (၁၀,၀၀၀)သာ လိုအပ်မည်ဖြစ်သည်။
တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၄)ရက်နေ့အထိ စစ်ဆေးတွေ့ရှိထားသည့် အတည်ပြုလူနာ စုစုပေါင်း (၆၆)ဦးအထိရှိနေရာ တစ်ဦးမှာ ဒီဇင်ဘာလ(၂)ရက်နေ့က ဆေးရုံမှ ဆင်းသွားပြီဖြစ်၍ လက်ရှိတွင် (၆၅)ဦး ကုသမှု ခံယူနေလျက်ရှိသည်။ 
တာချီလိတ်မြို့တွင် အခြားဒေသမှ လာရောက်၍ Covid-19 စစ်ဆေးနေရာမှ (၈)ဦးတွေ့ရှိပြီး ဒေသတွင်းမှ (၅၈)ဦး အပါအဝင် စုစုပေါင်း (၆၆)ဦးအထိ ရှိနေခြင်း ဖြစ်သည်။ 
ထိတွေ့သူများကိုလည်း Facilities Quarantine နှင့် Home Quarantine ထားရှိသည်။ 
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~