တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

❖  ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်အတွင်း၌ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ၂၀၂၁ခုနှစ် ဧပြီလ(၂၉)ရက်နေ့ နံနက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။



❖  တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၊ ပလောင်ကုန်း၊ အစ္စလာမ်သင်္ဂြိုင်းအနီးရှိ‌နေအိမ်တွင် အသက်(၂၉)နှစ်အရွယ် ကိုအိုက်စံဆိုသူ ကြိုးဆွဲချသေဆုံးနေသည်ကို ယနေ့ ဧပြီလ(၂၉)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်အချိန်က တွေ့ရှိရ၍ သက်ဆိုင်ရာ၏ အကြောင်းကြားချက်အရ တာချီလိတ်နာရေးကူညီမှုအသင်းမှ သွားရောက်ပြီး ရုပ်အလောင်းအား သယ်ဆောင်ကာ တာချီလိတ်ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

❖  သေဆုံးမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

 

ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း