တာချီလိတ်တွင် COVID 19 ကာကွယ်ရေးအတွက် စားသောက်ဆိုင်များ ပါဆယ်စနစ် လုပ်ဆောင်ရန် လိုက်လံ အသိပေး

တာချီလိတ်တွင် COVID 19 ကာကွယ်ရေးအတွက် စားသောက်ဆိုင်များ ပါဆယ်စနစ် လုပ်ဆောင်ရန် လိုက်လံ အသိပေး
စက်တင်ဘာ 24, 2020
By Tachileik News Agency
တာချီလိတ်တွင် COVID 19 ကာကွယ်ရေးအတွက် စားသောက်ဆိုင်များ ပါဆယ်စနစ် လုပ်ဆောင်ရန် လိုက်လံ အသိပေး
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် COVID 19 ကာကွယ်ရေးအတွက် အစားအသောက်ရောင်းချသည့် ဆိုင်အားလုံး ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့မှစ၍ ဆိုင်ထိုင်ရောင်းချခွင့် မရှိတော့ဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ညွှန်ကြားချက်အား စည်ပင်သာယာရေးဌာန ဦးဆောင်သည့်အဖွဲ့က ဈေးဆိုင်များအား လိုက်လံ အသိပေးခြင်းပြုလုပ်သည်။
“စာနဲ့ညွှန်ကြားစာကတော့ မနက်ဖြန်မှ ထွက်ပါမယ်။ အစားအသောက်ရောင်းတဲ့ဆိုင်အားလုံး ဆိုင်ထိုင်စနစ် ခွင့်မပြုတော့ဘဲ ပါဆယ်ပဲ ရောင်းခွင့်ပြုတော့မယ်ဆိုတာ ပြည်နယ်ကိုဗစ်ကော်မတီကတော့ စာထုတ်ပါပြီ။ ဒီနေ့ညကတော့ စည်ပင်အဖွဲ့နဲ့ ထွေအုပ်အဖွဲ့တွေပေါင်းပြီးတော့ ညပိုင်းထွက်တဲ့ဆိုင်လေးတွေကို လိုက်အသိပေးတာပါ”ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့ပေါ်မှ အစားအသောက်ရောင်းချသည့်ဆိုင်များအား ပါဆယ်စနစ်သို့ ပြောင်းလဲရန် လိုက်လံအသိပေးခြင်းကို စည်ပင်သာယာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ နှင့် မဇ္ဇျိမလူမှုကူညီရေးအသင်းတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စက်တင်ဘာလ (၂၄)ရက်နေ့ညပိုင်းက လုပ်ဆောင်နေသည်ကို တွေ့ရသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~