ကျောက်မဲတွင် မန္တလေးမှ ပြန်လာ၍ hotel quarantine ဝင်နေသူ (၂)ဦး၌ COVID 19 ပိုးတွေ့

ကျောက်မဲတွင် မန္တလေးမှ ပြန်လာ၍ hotel quarantine ဝင်နေသူ (၂)ဦး၌ COVID 19 ပိုးတွေ့
ဇန်နဝါရီ 18, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် မန္တလေးမှပြန်လာ၍  Hotel Quarantine ဝင်နေသည့် အမျိုးသမီး (၁) ဦးနှင့် ကလေး (၁)ဦးတို့တွင် COVID 19 ကူးစက်ခံထားရသည်ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်နေ့က စစ်ဆေးတွေ့ရသည်။

၎င်းတို့နှစ်ဦးမှာ မန္တလေးမှ ကျောက်မဲသို့ ရောက်လာကတည်းက Hotel Quarantine နေထိုင်သူများဖြစ်၍ အခြားထိတွေ့သူမရှိကြောင်း သိရသည်။

ပိုးတွေ့ရသူ (၂) ဦးအား Five Star (Covid-19 Operation Team ) က ကျောက်မဲခရိုင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ခရိုင်ပြည်သူ့ဆေးရုံ သီးသန့်ကုသဆောင်သို့ ပြောင်းရွှေ့ပေးထားကြောင်း သိရသည်။

ကျောက်မဲတွင် လက်ရှိအချိန်ထိ COVID 19 အတည်ပြုလူနာ (၁၉)ဦးတွေ့ရသည့်အနက် (၁၇)ဦးမှာ ဆေးရုံဆင်းခွင့်ရသွားပြီဖြစ်သည်။

Tachileik News Agency

သတင်း - နေဖြိုးမြင့်

နေဖြိုးမြင့်သည် Tachileik News Agency ၏ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် အကြီးတန်း...