ည ၈ နာရီနောက်ပိုင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် ကျောက်မဲမြို့တွင် စရတရုံးမှ အရာရှိနှုတ်ဆက်ပွဲနှင့်မွေးနေ့ပွဲ ည (၁၀)ကျော်အထိ ကျင်းပနေဆဲ

ည ၈ နာရီနောက်ပိုင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် ကျောက်မဲမြို့တွင် စရတရုံးမှ အရာရှိနှုတ်ဆက်ပွဲနှင့်မွေးနေ့ပွဲ ည (၁၀)ကျော်အထိ ကျင်းပနေဆဲ
ဇူလိုင် 14, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ အမှတ်(၁)ရပ်ကွက်၊ ပြည်သူ့ဆေးရုံနှင့် အမှတ် (၃၅၂) အမြှောက်တပ်အနီးရှိ စရတရုံးတွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်နေ့ ည ၁၀ နာရီခွဲအချိန်အထိ  ဆူညံစွာ သီချင်းအော်ဆိုနေကြဆဲဖြစ်၍ ပတ်ဝန်းကျင်အနှောင့်အယှက်ဖြစ်နေရကြောင်း သိရသည်။

 ည(၈)နာရီမှ နံနက် (၄)နာရီအတွင်း ညမထွက်ရ အမိန့်နှင့် ကိုဗစ်ပိုးကူးစက်မှုလျော့ကျရေး လူစုလူဝေး ရှောင်ရှားရမည်ဟု ကြေညာချက် ထုတ်ထားသည့်အချိန်အတွင်း စရတတွင် မွေးနေ့ပွဲနှင့် အပြောင်းရွှေ့အရာရှိ နှုတ်ဆက်ပွဲ  ကျင်းပနေကြခြင်း ဖြစ်သည်ဟု သိရသည်။

ညအချိန်မတော်သည် အထိ ဆူညံစွာ ကာရာအိုကေ သီဆိုနေကြသည့်အတွက် အနီးနားရှိ ပြည်သူများ၊ အနီးရှိ ခရိုင်ပြဘ်သူ့ဆေးရုံမှ လူနာများအတွက် အနှောင့်အယှက်ဖြစ်နေရသော်လည်း သက်ဆိုင်ရာက တားမြစ်ခြင်းမရှိကြောင်းသိရသည်။