ရှမ်းပြည်(မြောက်ပိုင်း) သီပေါမြို့တွင် နေအိမ်တွင်း သေနတ်ဖြင့် ဝင်ပစ်သည်ဟု တိုင်ကြားမှုအား စစ်ဆေးရာမှ မိသားစုဝင် အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားကြောင်း စစ်ဆေးတွေ့ရှိ

ရှမ်းပြည်(မြောက်ပိုင်း) သီပေါမြို့တွင် နေအိမ်တွင်း သေနတ်ဖြင့် ဝင်ပစ်သည်ဟု တိုင်ကြားမှုအား စစ်ဆေးရာမှ မိသားစုဝင် အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားကြောင်း စစ်ဆေးတွေ့ရှိ
စက်တင်ဘာ 7, 2020
By Tachileik News Agency
ရှမ်းပြည်(မြောက်ပိုင်း) သီပေါမြို့တွင် နေအိမ်တွင်း သေနတ်ဖြင့် ဝင်ပစ်သည်ဟု တိုင်ကြားမှုအား စစ်ဆေးရာမှ မိသားစုဝင် အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားကြောင်း စစ်ဆေးတွေ့ရှိ
ရှမ်းပြည်နယ်( မြောက်ပိုင်း) သီပေါမြို့တွင် နေအိမ်အတွင်း သေနတ်ဖြင့်ပစ်ခံရသည်ဟု အမှုဖွင့်တိုင်တန်းမှုမှာ မောင်ဖြစ်သူက အစ်မဖြစ်သူအား သေနတ်ဖြင့် ပစ်ခတ်မိခြင်းဖြစ်ကြောင်း ဖေါ်ထုတ်သိရှိရသဖြင့် တရားမဝင် လက်နက်ကိုင်ဆောင်မှုဖြင့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့၌ အမှုပြောင်းလဲဖွင့်လိုက်သည်။
သီပေါမြို့ ရွှေကျောင်းရပ်တွင် လေဖြတ်နေသည့်အမျိုးသားတစ်ဦးနှင့် အတူရှိနေသော အစ်မဖြစ်သူအား အမည်မသိ အမျိုးသားတစ်ဦးက နေအိမ်အတွင်း သေနတ်ဖြင့်ဝင်ပစ်သည်ဟု တိုင်ကြားသဖြင့် သီပေါမြို့မရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ  ၃၀၇ ဖြင့် ရဲတပ်ဖွဲ့က စက်တင်ဘာလ (၆)ရက်နေ့၌ အမှုဖွင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေနတ်ပစ်ခံရသည့် ဒေါ်နန်းရွှေကြာနှင့် မောင်ဖြစ်သူ ဦးစိန်ဝင်းတို့အား ရဲတပ်ဖွဲ့က စစ်ဆေးရာမှ စက်တင်ဘာလ (၆)ရက်နေ့ ညပိုင်းက ဦးစိန်ဝင်းနှင့် ဇနီးဖြစ်သူတို့ စကားများနေသဖြင့် အစ်မဖြစ်သူ ဒေါ်နန်းပြုံး (ခ) နန်းရွှေကြာက ဝင်ရောက်တားမြစ်ရာ ဦးစိန်ဝင်းက သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ဒေါ်နန်းရွှေကြာ၏ ခြေထောက်ကို ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်စဉ်တွင် အသုံးပြုခဲ့သည့် GUN & ROSE စာတန်းပါ ပစ္စတို တစ်လက်နှင့် ၎င်းကျည် (၁၅) တောင့်၊ သေနတ်ထည့်သည့်ဘေးခါးပတ်အိတ် တစ်ခုတို့ကို နေအိမ်ခြံဝန်းအတွင်း မြုပ်နှံထားသည်ကို သိမ်းဆည်းရမိထားကြောင်း သိရသည်။
တရားမဝင် လက်နက်/ခဲယမ်းများကို ထားရှိကိုင်ဆောင်သူ စိန်ဝင်းအား သီပေါမြို့မ ရဲစခန်းတွင် (ပ)၁၀/၂၀၂၀၊ လက်နက်ဥပဒေပုဒ်မ ၁၉ (စ)ဖြင့် လည်းကောင်း ( ပ )၁၀၁/ ၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ - ၃၀၇ ဖြင့် လည်းကောင်း အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓာတ်ပုံ - ရဲတပ်ဖွဲ့

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~