ကျူးကျော်စစ် စတင်သည့် ရုရှားကို အရေးယူရန် ယူကရိန်း သမ္မတက ICJ မှာ တိုင်ကြားထား

ကျူးကျော်စစ် စတင်သည့် ရုရှားကို အရေးယူရန် ယူကရိန်း သမ္မတက ICJ မှာ တိုင်ကြားထား
ဖေဖော်ဝါရီ 27, 2022 | နိုင်ငံတကာသတင်း

 ကျူးကျော်စစ်ဆင်နွှဲနေသည့် ရုရှားကို ယူကရိန်းက နိုင်ငံတကာတရားရုံး( International Court of Justice - ICJ )ကို တိုင်ကြားထားပြီဖြစ်ကြောင်း ယူကရိန်းသမ္မတက ထုတ်ဖေါ်ပြောကြားထားသည်။

ယူကရိန်းသမ္မတ၏ ထုတ်ဖော်ပြောကြားချက်

ရုရှားအနေဖြင့် ကျူးကျော်ရန်စပြီး လူမျိုးတုန်းသတ်ဖြတ်ရန်အစပြုမှုများအတွက် တာဝန်ယူ၊ တာဝန်ခံရမည်ဖြစ်သည်ဟုလည်း ယူကရိန်းသမ္မတက ယနေ့ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ ညနေ(၅)နာရီကျော်က ပြောကြားထားသည်။

ရုရှား၏ စစ်ရေးလှုပ်ရှားမှုများ ချက်ချင်း ရပ်တန့်ရေးအတွက် ဆုံးဖြတ်ချက် မြန်မြန်ဆန်ဆန် ချမှတ်ပေးရန် တောင်းဆိုထားပြီး လာမည့် ရက်သတ္တပတ်အတွင်း စစ်ဆေးမှုစတင်ရန် မျှော်လင့်သည်ဟု ယူကရိန်းသမ္မတက ဆိုသည်။