အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တွင် ပါဝင်ရန် ရခိုင်အား ဖိတ်ခေါ်ခဲ့သည်ဟု AA စစ်ဦးစီးချုပ် ပြောကြား

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တွင် ပါဝင်ရန် ရခိုင်အား ဖိတ်ခေါ်ခဲ့သည်ဟု AA စစ်ဦးစီးချုပ် ပြောကြား
ဧပြီ 16, 2021 | နိုင်ငံရေး

 အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အတွင်း  ပါဝင်ရန် ဖိတ်ခေါ်ခဲ့သော်လည်း မိမိတို့ရပ်တည်ချက်အရ မပါဝင်ခြင်းဖြစ်သည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့၌ လူမှုကွန်ရက်စာမျက်နှာမှ ရေးသားပြောကြားလိုက်သည်။

 "ငါတို့ကို ဂရုတစိုက်နဲ့ ခေါ်ခဲ့ပါတယ်။ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် မပါခဲ့တာပါ။ သူတို့ကို အပြစ်ပြောစရာမလိုအပ်ပါ"

ယနေ့ကြေညာလိုက်သည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အတွင်း၌ ရခိုင်ပါဝင်ခြင်းမရှိမှုနှင့်ပတ်သက်၍ ဝေဖန်မှုများထွက်လာနေခြင်းနှင့်ပတ်သက်၍ ယင်းကဲ့သို့ ရေးသားလာခြင်းဖြစ်သည်။

ပြည်သူရွေးကောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ၂၀၂၁ ခုနှစ်  အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာထားခြင်းဖြစ်သည်။