မိုင်းယောင်းမြို့ရှိ စရဖရုံး မိုင်းဖြင့် ပစ်ပေါက် ခြောက်လန့်ခံရ

မိုင်းယောင်းမြို့ရှိ စရဖရုံး မိုင်းဖြင့် ပစ်ပေါက် ခြောက်လန့်ခံရ
ဧပြီ 14, 2021 | ရှမ်းရှေ့

မိုင်းယောင်းမြို့ရှိ စရဖရုံး မိုင်းဖြင့် ပစ်ပေါက် ခြောက်လန့်ခံရ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း မိုင်းယောင်းမြို့ပေါ် ရပ်ကွက်(၉)အတွင်း ရဲစခန်းအနီးရှိ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)ရုံးကို မိုင်းဖြင့် ပစ်ပေါက် ခြောက်လန့်ခံရမှု ၂၀၂၁ခုနှစ် ဧပြီလ(၁၃)ရက်နေ့ ည(၉)နာရီ မထိုးမီက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အသံမိုင်းလို့တော့ ထင်ရတာပဲ။ အသေအပျောက်မရှိ။ ဒဏ်ရာရသူမရှိပေမဲ့ ညတွင်းချင်း လုံခြုံရေးတွေ ချပြီး နေရာယူထားကြတာတွေ လုပ်ကြတယ်။ ဒီသတင်းကို ဘယ်မှ မထွက်‌အောင် သူတို့ ပိတ်ထားကြတယ်

ဟု မိုင်းယောင်းဒေသခံ အမျိုးသားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၁၄)ရက်နေ့တွင် ပြောသည်။

 

ယင်းဖြစ်စဉ်ကြောင့် အနီးရှိ ရဲစခန်းလည်း လုံခြုံရေး အဓိကထားစောင့်ကြည့်နေကြောင်း သိရသည်။

ညက (၉)နာရီလောက်မှာ ဖြစ်တာ။  အလံတိုင်နား ကျပြီး တမံသလင်းတော့ ကွဲသွားတယ်လို့တော့ ကြားတယ်။ အဲ့အနီးက ရဲစခန်းလည်း သူတို့ကို လာပစ်မှာဆိုးလို့ထင်တယ်မနက်က ကာနေတာတွေ တွေ့ရတယ်

ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)ရုံး၏ ဖြစ်စဉ်ကြောင့် အနီးအနားရှိရုံးများလည်း တင်းကြပ်မှုများ လုပ်ဆောင်ထားကြောင်း နှင့် မိုင်းယောင်းမြို့ရှိ ဆေးရုံလည်း ပြီးခဲ့သည့် ရက်က မီးရှို့ခံရမှုဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။