ရခိုင်ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးဟောင်း၏ သားဖြစ်သူက ၎င်းအားဆဲ၍ဟုဆိုကာ ဂွမြို့မှ လူငယ် (၃)ဦးကို အာဏာသိမ်းစစ်တပ်ခေါ်၍ ရိုက်နှက်ဖမ်းဆီး

ရခိုင်ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးဟောင်း၏ သားဖြစ်သူက ၎င်းအားဆဲ၍ဟုဆိုကာ ဂွမြို့မှ လူငယ် (၃)ဦးကို အာဏာသိမ်းစစ်တပ်ခေါ်၍ ရိုက်နှက်ဖမ်းဆီး
ဇန်နဝါရီ 13, 2022 | အခြားဒေသများ

ဦးသိန်းစိန်လက်ထက်က ရခိုင်ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး၏ သားဖြစ်သူက ၎င်းအားဆဲဆို၍ဟုဆိုကာ ဂွမြို့မှ လူငယ် (၃) ဦးကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့ ည (၈) နာရီဝန်းကျင်တွင် အာဏာသိမ်းစစ်တပ်ကိုခေါ်၍ ရိုက်နှက်ဖမ်းဆီးသွားပြီး ယနေ့နံနက်ထိ မိသားစုနှင့် အဆက်အသွယ်မရကြသေးကြောင်း သိရသည်။

စိုးနီလတ်ကို ဆဲလို့ဆိုပြီး လာဖမ်းသွားတာ။ စိုးနီလတ် ကိုယ်တိုင်ပါလာတယ်။ စစ်ကားကြီးနဲ့ လာဖမ်းသွားတာ။ ဖမ်းတဲ့အချိန်မှာ လက်သီးနဲ့ထိုး၊ ခြေထောက်တွေနဲ့ ကန်ပြီး ငါ့ကိုဆဲတာ မင်းတို့မလားဆိုပြီး ဖမ်းသွားကြတာလို့ သိရပါတယ်။

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ဇန်နဝါရီလ(၃)ရက်နေ့တွင် ပြောသည်။

၎င်းအား ဆဲသူကို အာဏာသိမ်းစစ်တပ်ခေါ်၍ လာဖမ်းသည့် စိုးနီလတ်ဆိုသူမှာ ဦးသိန်းစိန်အစိုးရလက်ထက်က ရခိုင်ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးအေး၏ သားဖြစ်ကာ အစိုးရ၏ စီမံကိန်းအချို့ကို ကန်ထရိုက်ယူကာ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့ဖူးသူဖြစ်သည်။

#TachileikNewsAgency