တာချီလိတ်မြို့တွင် အမျိုးသမီးတစ်ဦး သတ်ခံရ

တာချီလိတ်မြို့တွင် အမျိုးသမီးတစ်ဦး သတ်ခံရ

တာချီလိတ်မြို့၊ ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်အတွင်း၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှူကွင်း၏ ရေမြောင်းအနီးတွင် သတ်ခံထားရသည့် အမည်မသိ ဆက်ကျော်သက်အရွယ် အမျိုးသမီးတစ်ဦး၏ အလောင်းအား ၂၀၂၁ခုနှစ် မတ်လ(၂၂)ရက်နေ့ နံနက်(၉)နာရီ အချိန်က တွေ့ရကြောင်း သိရသည်။

သတ်ခံရသည့် အမျိုးသမီး၏ မျက်နှာမှာ ဖူးယောင်ပြီး သွေးများပေနေသည့်အတွက် မည်သူဆိုသည်ကို မသိနိုင်၍ အခင်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ဆေးနိုင်ရန် အလောင်းအား ကျိုင်းတုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

လက်ရှိတွင် စစ်ဆေးတွေ့ရှိချက်အရ သေဆုံးသူ၏ လည်ပင်းတွင် ဓါးဒဏ်ရာလည်း တွေ့ရပြီး အလောင်းအနီးတွင် SHN/95844 နံပါတ်ပါရှိသည့် Click ဆိုင်ကယ်တစ်စီးကိုလည်း တွေ့ရသလို ဆိုင်ကယ်ဖင်ထိုင်ခုံအောက်တွင် ကျောက်ခဲတစ်လုံး နှင့် ဓါးတစ်လက်လည်း တွေ့ရကြောင်း သိရသည်။

သတ်ခံရမှုနှင့် ပတ်သက်၍ မည်သည့်အကြောင်းကြောင့်ဆိုသည်ကို မသိရသေးသော်လည်း ရဲတပ်ဖွဲ့မှ စစ်ဆေးမှုများ လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

#TachileikNewsAgency

ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း