DSA အပတ်စဉ် (၅၀)မှ လေတပ် ဗိုလ်ကြီးတစ်ဦး ဒီးမော့ဆို PDF ထံ CDM ပြုလုပ်

CDM  ဗိုလ်ကြီးဇေသူအောင် နှင့် ဒီးမော့ဆို PDF တပ်ဖွဲ့ဝင်များ ( (DMO - Local PDF)
CDM ဗိုလ်ကြီးဇေသူအောင် နှင့် ဒီးမော့ဆို PDF တပ်ဖွဲ့ဝင်များ ( (DMO - Local PDF)
DSA အပတ်စဉ် (၅၀)မှ လေတပ် ဗိုလ်ကြီးတစ်ဦး ဒီးမော့ဆို PDF ထံ CDM ပြုလုပ်
ဖေဖော်ဝါရီ 22, 2022 | ကယား

အာဏာသိမ်းစစ်ကောင်စီတပ်၏ အကြမ်းဖက် မတရားလုပ်ရပ်များကို သဘောမတွေ့၍ နေပြည်တော် အမှတ်(၄၅)ကင်းထောက် လေယာဉ်စခန်းမှ ဗိုလ်ကြီးတစ်ဦး ဒီးမော့ဆို PDF နှင့် ဆက်သွယ်ကာ CDM ပြုလုပ်လာကြောင်း သိရသည်။

နေပြည်တော် အမှတ်(၄၅)ကင်းထောက် လေယာဉ်စခန်းမှ DSA အပတ်စဉ် (၅၀)၊ လေ - ၃၄၇၄ ဗိုလ်ကြီးဇေသူအောင်သည် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့က မိသားစုနှင့်အတူ  ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO - Local PDF) ထံ CDM ပြုလုပ်လာခြင်း ဖြစ်ကြောင်း သိရသည်။

"အကြမ်းဖက်စစ်ကောင်စီတပ်၏ မတရားပြုလုပ်နေမှုများကို လက်မခံနိုင်၍ ပြည်သူ့ဘက်တော်သားအဖြစ် ရပ်တည်ရန် အရဲစွန့်ပြီး ပြည်သူနှင့်အတူ ပူးပေါင်းလာသော ဗိုလ်ကြီးဇေသူအောင်နှင့် မိသားစုအား မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Locla PDF)တပ်ဖွဲ့မှ  ကောင်းမွန်စွာ ကြိုဆိုလက်ခံပြီး လုံခြုံသည့် နေရာသို့ စီစဉ်ပေးခဲ့ပါသည်။"ဟု ဒီးမော့ဆို PDF က သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

ဆက်လက်၍ ပြည်သူလူထုနှင့် တစ်သားထဲ ပူးပေါင်းပါဝင်လိုသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း  ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF)တပ်ဖွဲ့မှ နွေးထွေးစွာ ကြိုဆိုလက်ခံရန် အသင့်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ကရင်နီပြည်နယ်အတွင်း ကုန်းကြောင်းတိုက်ခိုက်မှုများအပြင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို နေ့စဉ် ပြုလုပ်နေ၍ ဒေသခံပြည်သူများစွာ ထွက်ပြေးတိမ်းရှောင်နေကြရသည့်အတွက် စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် စစ်ကောင်စီတပ်အတွင်းရှိ လူသားဆန်သည့် တပ်ဖွဲ့ဝင်များက CDM ပြုလုပ် လာကြခြင်းဖြစ်သည်ဟု ဒေသကာကွယ်ရေးအဖွဲ့များက ဆိုသည်။



#TachileikNewsAgency

ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်