မြန်မာနိုင်ငံတွင်း သွေးထွက်သံယိုဖြစ်မှုများ ရပ်ဆိုင်းပြီး ညှိုနှိုင်းအဖြေရှာကြရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

ပုပ်ရဟန်းမင်းကြီးမှ ၂၀၁၇ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်စဉ်

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် သွေးထွက်သံယိုဖြစ်မှုများ အဆုံးသတ်ရန် ကိုယ်တိုင်လမ်းပေါ်တက် ဒူးထောက်ပြီး အကြမ်းဖက်မှုတွေရပ်ပါတော့လို့တောင် ပန်ကြားချင်ပါသည်ဟု ၂၀၂၁ ခုနှစ် မတ်လ (၁၇) ရက်နေ့က ဗာတီကန်တွင် မိန့်ကြားလိုက်သည်။ 

စစ်အာဏာသိမ်းမှုကို လက်မခံသည့် လက်နက်မဲ့ပြည်သူများအား လက်နက်ဖြင့်အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အာဏာသိမ်းထားသည့် ရက်ပေါင်း (၄၄) ရက်အတွင်း အတည်ပြု၍ရသည့် သေဆုံးရသူ (၁၈၀) ကျော်ရှိနေပြီဖြစ်သည်။

မြန်မာပြည်သူများ အထူးသဖြင့် လူငယ်အများစုက နိုင်ငံအတွက် မျှော်လင့်ချက်များဖြင့် တောင်းဆိုရင်း အသက်ဆုံးရှုံးရမှုများမှာ အလွန်အမင်းဝမ်းနည်းဖွယ်ရာဖြစ်နေပြီး အမြန်ဆုံး ညှိနှိုင်းအဖြေရှာကြရန် ပုပ်ရဟန်းမင်းကြီးက တောင်းဆိုလိုက်သည်။

လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးသည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဘယ်ကိစ္စကိုမှ သွေးထွက်သံယိုဖြစ်မှုတွေနဲ့ ဖြေရှင်းလို့မရပါဘူး။ ညှိနှိုင်းဖြေရှင်းမှုလုပ်ကြရမှာပါဟု ပြောကြားထားသည်။

Source: channelnewsasia

Photo: Reuters