နမ့်ဆန်ဆေးရုံ၏ ဝန်ထမ်းအိမ်ရာတွင် နေထိုင်သည့်  CDM ကျန်းမာရေးဝန်ထမ်းများကို စစ်တပ်က ဖယ်ရှား

နမ့်ဆန်ဆေးရုံ၏ ဝန်ထမ်းအိမ်ရာတွင် နေထိုင်သည့်  CDM ကျန်းမာရေးဝန်ထမ်းများကို စစ်တပ်က ဖယ်ရှား

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်ဆေးရုံ၏ ဝန်ထမ်းအိမ်ယာတွင် နေထိုင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများထဲက CDM လုပ်ဆောင်သည့် ကျန်းမာရေးဝန်ထမ်းများကို စစ်တပ်နှင့်ခရိုင်/မြို့နယ်ကောင်စီဝင်များက  ယနေ့ မတ်လ(၁၀)ရက်နေ့တွင် လိုက်လံဖယ်ရှားခိုင်းနေသည်။

ယနေ့ ညနေ(၇)ရီအထိ ဆေးရုံအတွင်း စစ်တပ်မှာ ဝင်ရောက်ထားပြီး CDM ဝန်ထမ်းများ ရွှေ့ပြောင်းခြင်း ရှိမရှိကိုလည်း ထပ်မံစစ်ဆေးနေကြောင်း သိရသည်။

 ဆေးရုံ၌ CDM မလုပ်ဆောင်သည့် ကျန်းမာရေးဝန်ထမ်းအနည်းငယ်ဖြင့်သာ ဆေးရုံကို ပြန်လည်ဖွင့်လှစ်မည်ဟုလည်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ယခုရက်ပိုင်းတွင် Covid-19 ကာကွယ်ဆေးထိုးမည့် အစီအစဉ်များအတွက် သက်ဆိုင်ရာဌာနများ အပါအဝင်၊ ခရိုင်/မြို့နယ် ကောင်စီဝင်များ၊ မြို့မိမြို့ဖများနှင့် ရပ်/ကျေးများမှ တဆင့် ကျန်းမာရေးဝန်ထမ်းများကို ဖိအားပေး စည်းရုံးနေခြင်းများ ရှိနေကြောင်းလည်း သိရှိရသည်။