နောင်ချိုမြို့နယ်အတွင်း COVID 19 စစ်ဆေးရေးဂိတ်ကို ကုန်တင်ယာဉ် ဝင်တိုက်မိ၍ ယာဉ်ထိန်းတစ်ဦးနှင့် အရပ်သားတစ်ဦး သေဆုံး

နောင်ချိုမြို့နယ်အတွင်း COVID 19 စစ်ဆေးရေးဂိတ်ကို ကုန်တင်ယာဉ် ဝင်တိုက်မိ၍ ယာဉ်ထိန်းတစ်ဦးနှင့် အရပ်သားတစ်ဦး သေဆုံး
နိုဝင်ဘာ 3, 2020
By Tachileik News Agency
နောင်ချိုမြို့နယ်အတွင်း COVID 19 စစ်ဆေးရေးဂိတ်ကို ကုန်တင်ယာဉ် ဝင်တိုက်မိ၍ ယာဉ်ထိန်းတစ်ဦးနှင့် အရပ်သားတစ်ဦး သေဆုံး
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်အတွင်း မန္တလေး - လားရှိုးကားနှင့် ဝက်ဝံ - တောင်ခမ်းရွာလမ်းဆုံရှိ COVID 19 ထိန်းချုပ်ရေးဂိတ်ကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂)ရက်နေ့ ည (၇)နာရီဝန်းကျင်က ကုန်တင်ယာဉ်တစ်စီး အရှိန်လွန်ဝင်တိုက်မိ၍ တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်း (၁)ဦးနှင့် သတင်းပို့နေသည့် မော်တော်ယာဉ်မောင်း (၁) ဦးတို့ သေဆုံးသွားသည်။
နောင်ချိုဘက်မှ ပြင်ဦးလွင်ဘက်သို့ ကုန်ပစ္စည်းများ သယ်ဆောင်လာသည့် (၂၂)ဘီး ကုန်တင်ယာဉ်တစ်စီးသည်  မန္တလေး - လားရှိုးကားနှင့် ဝက်ဝံ - တောင်ခမ်းရွာလမ်းဆုံရှိ COVID 19 ထိန်းချုပ်ရေးဂိတ်အနီးရောက်ချိန်တွင် လမ်းဘေး၌ ရပ်ထားသည့် မော်တော်ယာဉ်အား ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်၌ အတားအဆီးပြုလုပ်ထားသည့် ဘယ်ရီဂိတ် (၂)ခု၊ မိုးကာရွက်ဖျင်တဲ (၁)ခုနှင့် မိုးကာထီး (၁)ခုတို့ကို ဝင်တိုက်သွားပြီးနောက် ပေ (၈၀)ခန့်အကွာရှိ COVI 19 ထိန်းချုပ်ရေးစစ်ဆေးသည့်စခန်းကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
COVID 19 ထိန်းချုပ်ရေးစခန်းကို ဝင်တိုက်မိစဉ် တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့စု (၁၂၄) (ကျောက်မဲ)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ် (နောင်ချို)မှ ရဲအရာခံ ယွမ်မောင်းနှင့် စစ်ဆေးရေးဂိတ်သို့ လာရောက်သတင်းပို့နေသည့် ယာဉ်မောင်း ကျော်စိုးဝင်းတို့ကို တိုက်မိခဲ့ရာ ယာဉ်မောင်းမှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားကာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်မှာ ဆေးရုံပို့စဉ် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အရှိန်လွန်ဝင်တိုက်သည့် ကုန်တင်ယာဉ်က မရပ်ဘဲ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ နာရီဝက်ခန့်အကြာ၌ အခင်းဖြစ်နေရာနှင့် (၄)ဖာလုံခန့်အကွာတွင် ယာဉ်မောင်း မျိုးမြင့်သိန်းအား ပြန်လည်ဖမ်းမိသည်ဟု သိရသည်။
အဆိုပါယာဉ်တိုက်မှုနှင့်ပတ်သက်၍ ယာဉ်မောင်း မျိုးမြင့်သိန်းအား နောင်ချိုမြို့မရဲစခန်းတွင် ယာဉ်( ပ ) ၅၀/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/ ၃၀၄- က/ ၃၃၃/ ၂၀၂ ဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~