ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရာထူးလက်ခံလိုက်သည့် NLD ပါတီ၏ ဖယ်ခုံမြို့နယ် ဒုဥက္ကဌကို ပါတီက ရှုံ့ချပြီး ထုတ်ပယ်

ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရာထူးလက်ခံလိုက်သည့် NLD ပါတီ၏ ဖယ်ခုံမြို့နယ် ဒုဥက္ကဌကို ပါတီက ရှုံ့ချပြီး ထုတ်ပယ်
မတ် 1, 2021 | ကယား



စစ်တပ်က အာဏာသိမ်းပြီး ဖွဲ့စည်းထားသည့် ကောင်စီမှ ပေးအပ်သည့် မိုးဗြဲကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရာထူးကို လက်ခံသည့် ကယားပြည်နယ် ဖယ်ခုံမြို့နယ်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးသန်းထွန်းအား ၂၀၂၁ ခုနှစ် မတ်လ (၁) ရက်နေ့တွင် ပါတီက ထုတ်ပယ်လိုက်သည်။



မိုးဗြဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရာထူးကို လက်ခံလိုက်သည့် NLD ပါတီ၏ မြို့နယ် ဒုဥက္ကဌကို မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဒုဥက္ကဌတာဝန်မှ ပြင်းထန်စွာရှုံ့ချ၍ ထုတ်ပယ်လိုက်သည်ဟု ပါတီက ထုတ်ပြန်လာြခင်းဖြစ်သည်။