ရန်ကုန်ဆရာဝန်များ သပိတ်စစ်ကြောင်းဖြိုခွဲခံရပြီး ဆရာဝန် (၄၀) ကျော် ဖမ်းဆီးခံရ

ရန်ကုန်ဆရာဝန်များ သပိတ်စစ်ကြောင်းဖြိုခွဲခံရပြီး ဆရာဝန် (၄၀) ကျော် ဖမ်းဆီးခံရ
ဖေဖော်ဝါရီ 28, 2021 | နိုင်ငံရေး

ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ကျောက်ကုန်းတွင် ဆရာဝန်များသပိတ်စစ်ကြောင်းကို နံနက် (၉) နာရီဝန်းကျင်က ပစ်ခတ်ဖြိုခွင်းပြီး လူဦးရေ (၄၀) ကျော်ဝန်းကျင် ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း သပိတ်စစ်ကြောင်းတွင် ပါဝင်သူများထံမှ သိရသည်။



ဖမ်းဆီးခံရသည့်ဆရာဝန်များအား ဂျူတီကုတ်များချွတ်စေပြီး ကား (၃)စီးဖြင့်တင်ခေါ်သွားခြင်းဖြစ်ကြောင်း သိရသည်။

 

စစ်အာဏာသိမ်းထားသည့် (၂၈) ရက်မြောက်နေ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့တွင် တစ်နိုင်ငံလုံး အင်တိုက်အားတိုက်ဖြင့် စစ်အာဏာရှင်ပြုတ်ကျရေး သပိတ်စစ်ကြောင်းများဖြင့် တွန်းလှန်နေကြသည့် လက်နက်မဲ့လူထုအား စစ်တပ်နှင့်ရဲတပ်ဖွဲ့ပူးပေါင်း၍ ပစ်ခတ်နှိမ်နှင်းမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

 



စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ပြည်သူတင်မြှောက်သည့်အစိုးရအား ဖမ်းဆီး၍ နိုင်ငံတော်အာဏာသိမ်းထားသဖြင့် နိုင်ငံတဝန်းမှ စစ်အာဏာရှင်စနစ် လက်မခံသည့် အလွှာပေါင်းစုံမှ ပြည်သူလူထုက ဆန့်ကျင်နေကြခြင်းဖြစ်သည်။