COVID 19 ကုသမှုနှင့် ကာကွယ်ဆေး သုတေသနအချက်အလက်များ ရုရှားဟက်ကာအဖွဲ့ ခိုးယူရန်ကြိုးစားသည်ဟု နိုင်ငံ (၃)နိုင်ငံကစွပ်စွဲထား

COVID 19 ကုသမှုနှင့် ကာကွယ်ဆေး သုတေသနအချက်အလက်များ ရုရှားဟက်ကာအဖွဲ့ ခိုးယူရန်ကြိုးစားသည်ဟု နိုင်ငံ (၃)နိုင်ငံကစွပ်စွဲထား
ဇူလိုင် 17, 2020
By Tachileik News Agency
COVID 19 ကုသမှုနှင့် ကာကွယ်ဆေး သုတေသနအချက်အလက်များ ရုရှားဟက်ကာအဖွဲ့ ခိုးယူရန်ကြိုးစားသည်ဟု နိုင်ငံပေါင်း (၃)နိုင်ငံက စွပ်စွဲထား

ရုရှားအခြေစိုက် ဟက်ကာအဖွဲ့က COVID 19 ကုသမှုသုတေသန အချက်အလက်များနှင့် ကာကွယ်ဆေးသုတေသန အချက်အလက်များကို  ခိုးယူရန်ကြိုးစားနေသည်ဟု ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါ လုံခြုံရေးအေဂျင်စီများက ပြောကြားလိုက်သည်။

ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါ လုံခြုံရေးအေဂျင်စီများ ပူးပေါင်းထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ အဆိုပါ ဟက်ကာအဖွဲ့မှာ ရုရှားထောက်လှမ်းရေး၏ အဆွယ်အပွားဖြစ်သည်ဟု ပြောကြားထားသည်။

APT 29၊ WellMess အမည်ဖြင့် အချက်အလက်များ ခိုးယူရန် ကြိုးစားခြင်းဖြစ်ပြီး COVID 19 ကာကွယ်ဆေးထုတ်ရန် သုတေသနလုပ်နေသည့်အဖွဲ့များထံ မေးလ်ပေးပို့ခြင်း အပါအဝင် အခြားနည်းလမ်းမျိုးစုံကို အသုံးပြုနေသည်ဟု စွပ်စွဲထားသည့်အပြင် ကမ္ဘာ့ကပ်ဘေးမှ လူ့အသက်များစွာ ကယ်တင်ရန် ကြိုးပမ်းနေချိန် ယင်းကဲ့သို့ လုပ်ရပ်မှာ မလုပ်သင့်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အဆိုပါ စွပ်စွဲချက်များမှာ အထောက်အထားမရှိသည့် စွပ်စွဲချက်များသာဖြစ်သည်ဟု ရုရှား၊ ကရင်မလင်မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ခရိုက ငြင်းဆိုထားသည်။

ယင်းအပြင် ရုရှားအနေဖြင့် ၂၀၁၉ ရွေးကောက်ပွဲတွင်လည်း စွက်ဖက်ရန် ကြိုးစားမှုရှိသည်ဟု ဗြိတိန်က စွပ်စွဲထားပြီး ရုရှားအနေဖြင့် ဗြိတိန်နိုင်ငံရေးတွင် စွက်ဖက်ရန်ကြိုးစားမှု အသေးစိတ်အချက်အလက်များကို ထုတ်ပြန်သွားရန်ရှိသည်ဟု ဗြိတိန်က ပြောကြားထားသည်။

ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် COVID 19 ကာကွယ်ဆေးနှင့် ကုထုံးကို ကမ္ဘာ့နိုင်ငံအများအပြားက သုတေသနလုပ်၍ စမ်းသပ်ရှာဖွေနေကြရာ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လဆန်းအထိ ကာကွယ်ဆေး (၂၃) ခုကို ထူတွင်စမ်းသပ်ထားပြီးဖြစ်သည်။

တရုတ်နှင့် ဗြိတိန်မှ ကာကွယ်ဆေး (၃) ခုမှာ စမ်းသပ်ပြီး ထုတ်လုပ်နိုင်တော့မည့် အလားအလာရှိသည့် အဆင့်သို့ရောက်နေပြီး ကာကွယ်ဆေး (၂၁) ခုမှာ လူတွင် စမ်းသပ်သည့်အဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း သိရသည်။

ယင်းအပြင် နောက်ထပ် ကာကွယ်ဆေး (၁၄၀)ခုမှာ တိရစ္ဆာန်တွင် စမ်းသပ်သည့်အဆင့်တွင် ရှိနေကြောင်း သိရသည်။

Tachileik News Agency
Source: CTN News


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~