တောင်ကြီး smart & happy city ဖေါ်ဆောင်မည့် ဘတ်ဂျက်အား ခေါင်းစဉ်ပြောင်း မသုံးရန် ရှမ်းစီမံဘဏ္ဍာဝန်ကြီး သတိပေး

တောင်ကြီး smart & happy city ဖေါ်ဆောင်မည့် ဘတ်ဂျက်အား ခေါင်းစဉ်ပြောင်း မသုံးရန် ရှမ်းစီမံဘဏ္ဍာဝန်ကြီး သတိပေး
ဖေဖော်ဝါရီ 25, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တောင်ကြီးမြို့ကို smart & happy city ဖေါ်ဆောင်ရန် လျာထားဆောင်ရွက်သည့် ဘတ်ဂျက်အား အခြားခေါင်းစဉ်ပြောင်းသုံးခွင့်ပေးပါက သုံးစွဲခွင့်ပေးသည့် စီမံကိန်းညွှန်မှူး၊ ရသုံးညွှန်မှူးနှင့် စည်ပင်ညွှန်မှူးတို့ကို ပြည်သူလူထုသက်သေပြုပြီး ဥပဒေအရ တရားစွဲဆိုမည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်အသိပေးလိုက်သည်။

စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ပြည်သူရွေးကောက်တင်မြှောက်ထားသည့် အစိုးရအဖွဲ့ဝင်များအား ဖမ်းဆီးကာ နိုင်ငံတော်အာဏာသိမ်းထားသဖြင့် ပြည်သူ့ဝန်ထမ်းများနှင့် ပြည်သူများက ငြိမ်းချမ်းသည့်နည်းလမ်းမျိုးစုံဖြင့် စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း ဆန္ဒထုတ်ဖေါ်မှုများ လုပ်ဆောင်နေကြခြင်းဖြစ်သည်။

ယင်းအပြင် ၂၀၂၀ အစိုးရအဖွဲ့မှာ မတ်လ (၃၁) ရက်နေ့အထိ သက်တမ်းရှိမည်ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကလည်း ြ ပည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကိုဖွဲ့စည်းဆောင်ရွက်နေကြခြင်းဖြစ်သည်။

Tachileik News Agency