တာချီလိတ်မြို့  ရှမ်းရိုးမကုန်တိုက်ရှေ့ရှိ ဆိုင်းဘုတ်ပေါ်က စစ်အာဏာရှင်ဆန့်ကျင်ရေး ရုပ်ပုံစာသား ဖျက်ခံရ

တာချီလိတ်မြို့  ရှမ်းရိုးမကုန်တိုက်ရှေ့ရှိ ဆိုင်းဘုတ်ပေါ်က စစ်အာဏာရှင်ဆန့်ကျင်ရေး ရုပ်ပုံစာသား ဖျက်ခံရ
ဖေဖော်ဝါရီ 21, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့  ရှမ်းရိုးမကုန်တိုက်ရှေ့ရှိ ဆိုင်းဘုတ်တွင် တာချီလိတ်နေလူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေးအဖြစ် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၂၀)ရက်နေ့ညပိုင်းက ပုံဖော်ရေးဆွဲထားရှိရာ ဖေဖော်ဝါရီလ (၂၁)ရက်နေ့ ညနေ(၃)နာရီခွဲဝန်းကျင်က စ၍ လာရောက် ဖျက်နေကြောင်း သိရသည်။

"ရဲက စေခိုင်းတာလား၊ တပ်က စေခိုင်းတာလားတော့မသိဘူး၊ ပြောက်ကျားဝတ်နဲ့ လူတစ်ယောက် မှုတ်ဆေးဗူးနဲ့ ဖျက်နေတာတွေ့ရတယ်"ဟု လူငယ်တစ်ဦးက ပြောသည်။

တာချီလိတ်နေလူငယ်များမှ စစ်အာဏာရှင်စနစ်ကို မလိုလား၍ ဆန့်ကျင်မှုများအဖြစ် နည်းမျိုးစုံဖြင့် ဆန္ဒထုတ်ဖော်မှုများကို လုပ်ဆောင်နေပြီး  လူအများမြင်တွေ့နိုင်သည့် နေရာများတွင် စာတန်းများဖြင့် ပုံဖော်၍လည်း လုပ်ဆောင်နေကြကြောင်း သိရသည်။

Tachileik News Agency