တာချီလိတ် နဲ့ မယ်ဆိုင်အကြား တံတား(၂)ကနေ မြန်မာလိုင်စင်ယာဉ်များဖြင့် ကုန်စည်ကူးသန်းခြင်းက အားသာချက်တွေရှိ

တာချီလိတ် နဲ့ မယ်ဆိုင်အကြား တံတား(၂)ကနေ မြန်မာလိုင်စင်ယာဉ်များဖြင့် ကုန်စည်ကူးသန်းခြင်းက အားသာချက်တွေရှိ
အောက်တိုဘာ 25, 2020
By Tachileik News Agency

 

တာချီလိတ် နဲ့ မယ်ဆိုင်အကြား တံတား(၂)ကနေ မြန်မာလိုင်စင်ယာဉ်များဖြင့် ကုန်စည်ကူးသန်းခြင်းက အားသာချက်တွေရှိ
မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နဲ့  မယ်ဆိုင်မြို့အကြား ချစ်ကြည်ရေးအမှတ်(၂)တံတားကနေ ကုန်စည်ကူးသန်းရာမှာ မြန်မာလိုင်စင် မော်တော်ယာဉ်တွေက  အားသာချက်တွေရှိနေတဲ့အတွက် ပိုပြီး အသုံးပြုစေချင်တယ်လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာမှတ်ပုံတင်ထားတဲ့ကားတွေကို တာချီလိတ်မြို့နဲ့  မယ်ဆိုင်မြို့အကြား  မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားကနေ ဖြတ်သန်းခွင့်ရဖို့ နှစ်နိုင်ငံညှိနှိုင်းခဲ့ပြီး မြန်မာကားတွေအပေါ် အာမခံကြေး မကောက်ဖို့ သဘောတူညီခဲ့တယ်လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
မြန်မာယာဉ်မောင်းတွေအနေနဲ့ တာချီလိတ် နဲ့ မယ်ဆိုင်ကို ကုန်စည်ပို့ဆောင်ရာမှာ ထိုင်းလိုင်စင်ကားတွေ အသုံးပြုမယ်ဆိုရင် ထိုင်းဘက်မှာ ယာဉ်အာမခံအတွက် ဘတ် (၁၅၀၀၀)နဲ့ မြန်မာဘက်အဝင်မှာ ယာဉ်ဝင်ခွင့် တစ်ခေါက်ကို ကျပ် (၄၀၀၀) ပေးဆောင်ရမှာဖြစ်ပေမဲ့ မြန်မာလိုင်စင်ကားတွေ သုံးမယ်ဆိုရင်တော့ ထိုင်းဘက်မှာ ယာဉ်အာမခံပေးဖို့မလိုသလို မြန်မာဘက်အဝင်မှာလည်း ယာဉ်ဝင်ခွင့် တစ်ခေါက်ကို ကျပ် (၁၂၀၀)သာ ကျသင့်မှာဖြစ်ပါတယ်။
  Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~