တာချီလိတ်တွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူ ဖုံးလွှမ်းမှု စတင်ကြုံတွေ့ရပြီး မြို့မသုဿန်အနီး၌ စည်းကမ်းမဲ့ နေ့စဉ် မီးရှို့မှုများ ရှိနေ

တာချီလိတ်တွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူ ဖုံးလွှမ်းမှု စတင်ကြုံတွေ့ရပြီး မြို့မသုဿန်အနီး၌ စည်းကမ်းမဲ့ နေ့စဉ် မီးရှို့မှုများ ရှိနေ
ဖေဖော်ဝါရီ 27, 2020
By Tachileik News Agency

တာချီလိတ်တွင် နယ်စပ်ဖြတ်ကျော်မီးခိုးမြူ ဖုံးလွှမ်းမှု စတင်ကြုံတွေ့ရပြီး  မြို့မသုဿန်အနီး၌ စည်းကမ်းမဲ့ နေ့စဉ် မီးရှို့မှုများ ရှိနေ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၏ တစ်ဖက်ကမ်းရှိ မယ်ဆိုင်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၇)ရက်နေ့၌ လေထုအရည်အသွေးအညွှန်းကိန်း (၁၆၄) ဖြင့် အနီရောင်အဆင့် ရောက်နေချိန်တွင် တာချီလိတ်မြို့၌လည်း မီးခိုးမြူဖုံးလွှမ်းမှုကို စတင်ကြုံတွေ့နေရပြီး မြို့မသုဿန်အနီးတွင် စည်းကမ်းမဲ့ နေ့စဉ် မီးရှို့မှုများ ရှိနေကြောင်း တွေ့ရသည်။

၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၂၇)ရက်နေ့ ညနေပိုင်းတွင် တာချီလိတ်မြို့၏ မီးခိုးမြူဖုံးလွှမ်းမှုမှာ ညနေပိုင်း၌ ပိုမိုထူထပ်လာချိန်တွင် ပုန်းထွန်ရပ်ကွက်ရှိ မြို့မသုဿန်အနီး အမှိုက်ပုံတွင် စည်းကမ်းမဲ့ မီးရှို့မှုကြောင့် အနီးဝန်းကျင် ရပ်ကွက်များတွင် အသက်ရှုကြပ်သည်အထိ မီးခိုးမြူဖုံးနေသည်ကို တွေ့ရသည်။

လေထုအရည်အသွေးကို နေ့စဉ်တိုင်းတာနေပြီး စိုးရိမ်ရပါက ပြည်သူလူထုထံ ထုတ်ပြန်မည်ဟု ပြောကြားထားသည့် တာချီလိတ်ခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက ဖေဖေါ်ဝါရီလ (၂၇)ရက်နေ့အထိ တာချီလိတ်၏ လေထုအရည်အသွေးအညွှန်းကိန်းနှင့် ပတ်သက်၍ သတိထားရန် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်အသိပေးခြင်း နှင့် ထုတ်ပြန်ခြင်း မရှိသေးသည်ကို တွေ့ရသည်။

တာချီလိတ်အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် တစ်ဖက် ထိုင်းနိုင်ငံဘက်ခြမ်းမှ လေစီးကြောင်းသင့်၍ ရောက်လာသည့် မီးခိုးမြူများအပြင် ဒေသတွင်းမှ တောင်ယာမီးရှို့မှုများကြောင့် မီးခိုးမြူဖုံးလွှမ်းမှုကြောင့် လေထုအရည်အသွေးကျဆင်းမှုကို နှစ်စဉ် ကာလရှည်ကြာကြုံတွေ့ရလေ့ရှိခြင်းဖြစ်သည်။

တာချီလိတ်ခရိုင်အတွင်း ၂၀၂၀ ခုနှစ်အတွင်း တောမီးလောင်မှုနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့များ ကြိုတင်ကာကွယ်ရေးအတွက် သက်ဆိုင်ရာဌာနများပါဝင်သည့်အဖွဲ့ကို ခရိုင်အဆင့်မှ ရပ်ကျေးအဆင့်ထိ အဆင့်ဆင့်ဖွဲ့စည်းပြီး ဒေသတွင်း တောမီးရှို့ခြင်းများအား ထိန်းသိမ်းခြင်း၊ မီးခိုးမြူဖုံးလာပါက အရေးပေါ် ဆောင်ရွက်ရန်တို့ကို ကြိုတင်ပြင်ဆင်ခြင်းများ လုပ်ဆောင်နေသည်ဟု သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~