ကျိုင်းတုံမြို့တွင် ဖမ်းဆီးခံရသည့် ကျောင်းသားများကို ပြန်လွှတ်ပေးရေး ဆက်လက် တောင်းဆို

ကျိုင်းတုံမြို့တွင် ဖမ်းဆီးခံရသည့် ကျောင်းသားများကို ပြန်လွှတ်ပေးရေး ဆက်လက် တောင်းဆို
ဖေဖော်ဝါရီ 15, 2021 | နိုင်ငံရေး| ရှမ်းရှေ့

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့က ရဲတပ်ဖွဲ့မှ ဖမ်းဆီးထားသော ဆန္ဒထုတ်ဖေါ်သည့် လူငယ်များကို ပြန်လွှတ်ပေးရန် လူထုက ရဲစခန်းရှေ့၌  ညနေ (၃) နာရီအချိန်ထိ တောင်းဆိုနေလျက်ရှိသည်။



ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်မှုမှ လူစုခွဲ၍ ပြန်လာသည့် မောင်ဂျူးလီကျော်၊ မောင်လွှမ်းကျော်၊ မနန်းခမ်းဖူးမြတ်နှင့် မယွန်းလဲ့နန္ဒာတို့အား ရဲတပ်ဖွဲ့က လမ်းတွင် ဖမ်းဆီးခေါ်ဆောင်သွားရာ ပြည်သူလူထုက ရဲစခန်းရှေ့တွင်သွား၍ ပြန်လွှတ်ပေးရန် တောင်းဆိုနေကြခြင်းဖြစ်သည်။



Tachileik News Agency