ဆက်သွယ်ရေးကွန်ယက်များ ဖြတ်တောက် ကန့်သတ်ရန်  လက်ခံရရှိသည့် နေ့အလိုက် ညွှန်ကြားချက်များကို တယ်လီနောက အများပြည်သူကို အသိပေး

ဆက်သွယ်ရေးကွန်ယက်များ ဖြတ်တောက် ကန့်သတ်ရန်  လက်ခံရရှိသည့် နေ့အလိုက် ညွှန်ကြားချက်များကို တယ်လီနောက အများပြည်သူကို အသိပေး
ဖေဖော်ဝါရီ 14, 2021 | နိုင်ငံရေး

နိုင်ငံတော်အာဏာကို သိမ်းခံလိုက်ရသည့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁)ရက်နေ့မှစ၍ နိုင်ငံတွင်းမှ ဆက်သွယ်ရေးကွန်ယက် များအား ဖြတ်တောက်ကန့်သတ်ခြင်းလုပ်ဆောင်ရန် လက်ခံရရှိသည့် ညွှန်ကြားချက် များနှင့်ပတ်သက် ၍ တယ်လီနောကုမ္ပဏီက အများပြည်သူကို ထုတ်ပြန်ပေးထားသည်ကို တွေ့ရသည်။



လက်ရှိအခြေအနေများအရ ညွှန်ကြားချက်များအား လုပ်ဆောင်ရခြင်းဖြစ်သော်လည်း ကုမ္ပဏီအနေဖြင့် သုံးစွဲသူများအပေါ် ပွင့်လင်းမြင်သာရှိရမည်ဆိုသည့် သတ်မှတ်ချက်အတိုင်း လက်ခံရရှိသည့် ညွှန်ကြားချက်များကို အများပြည်သူထံ အသိပေးထားခြင်းဖြစ်သည်ဟု သိရသည်။



Tachileik News Agency