လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာသည့် ရှမ်း(ရှေ့)တွင်နေထိုင်သူများ ကျိုင်းတုံသို့ ယမန်နေ့ညက ရောက်ရှိ

လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာသည့် ရှမ်း(ရှေ့)တွင်နေထိုင်သူများ ကျိုင်းတုံသို့ ယမန်နေ့ညက ရောက်ရှိ
ဖေဖော်ဝါရီ 14, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁၃)ရက်နေ့ညက အကျဉ်းထောင်အသီးသီးမှ လွတ်ငြိမ်းချမ်းသာဖြင့် လွတ်လာသူများကိုမော်တော်ယာဉ် (၃) စီးဖြင့် လာရောက်ပို့ဆောင်သွားရာ ပြည်သူများ အထိတ်တလန့် ဖြစ်ခဲ့ရကြောင်း သိရသည်။

မနေ့ညက တခြားဒေသ အကျဉ်းထောင်တွေက လွတ်လာတဲ့ အကျဉ်းသားတွေ ည (၇)နာရီလောက် မှာ ကား(၃)စီးနဲ့ ကျန်းမာရေးစစ်တဲ့ဂိတ်ကို ရောက်လာတယ်လို့ သိရတယ်။ ဒီရှမ်းအရှေ့ကနေ ထောင်ကျနေတဲ့သူတွေလို့ပြောတယ်။ ကျွန်တော်တို့ ကျိုင်းတုံက လွတ်တဲ့သူတွေကတော့ အဲဒီ (၁၂)ရက်နေ့ကတည်းက ကားတွေစီစဉ်ပေးပြီး နေရပ်ပြန်ပို့ထားပြီ။

ဟု ကျိုင်းတုံ မထသ ဥက္ကဌ ဦးဟန်သင်းက တာချီလိတ်သတင်းအေဂျင် စီသို့ပြောသည်။

ည(၈)နာရီမှ နောက်တစ်နေ့မနက်(၄)နာရီအတွင်း ညမထွက်ရ ထုတ်ပြန်ကာ ယင်းအချိန်များတွင် လိုက်လံဖမ်းဆီးတတ်သဖြင့် လူထုစိုးရိမ်နေချိန်တွင်  ည(၈)နာရီ‌ကျော်အချိန်ခန့်တွင် ကျိုင်းတုံမြို့ နောင်ကျောက်၊ဈေးတန်းကလေးရပ်ကွက် အတွင်းသို့ လူအယောက် (၂၀) ခန့်ကြွပ်ကြွပ်အိတ်ကိုယ်စီဖြင့် ရောက်လာကြရာညပိုင်းအချိန် လူအုပ်စုရောက်လာသဖြင့် အထိတ်တလန့်ဖြစ်ခဲ့ကြကြောင်း သိရသည်။

ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့က အကျဉ်းထောင်အသီးသီးမှ လွတ်ငြိမ်းချမ်းသာပေးပြီးနောက် မြို့အသီးသီးတွင် လူထုက ရပ်ကွက်အလိုက် လုံခြုံရေးအတွက် ကိုယ်ထူကိုယ်ထ ကင်းစောင့်ခြင်းများကို လုပ်ဆောင်နေကြခြင်းဖြစ်သည်။

Tachileik News Agency