အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများအားလုံး စစ်အာဏာရှင်စနစ်ကို လက်မခံနိုင်၍ Civil Disobendence Campaign စတင်

အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများအားလုံး စစ်အာဏာရှင်စနစ်ကို လက်မခံနိုင်၍ Civil Disobendence Campaign စတင်
ဖေဖော်ဝါရီ 9, 2021 | နိုင်ငံရေး

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနလက်အောက်ရှိ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများက စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူ့ဝန်ထမ်းများ၏ Civil Disobendence Campaign တွင် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၉) ရက်နေ့မှစတင်၍ ပါဝင်လာကြပြီဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူရွေးချယ်သည့် အစိုးရလက်အောက်ရောက်မှ လုပ်ငန်းတာဝန်များ ပြန်လည်ထမ်းဆောင်ကြမည်ဖြစ်ကြောင်း ကြေညာထားသည်။

ယင်းအပြင် Civil Disobendence Campaign ပြုလုပ်ခြင်းမှာ အလုပ်မှ နှုတ်ထွက်ခြင်းမဟုတ်သည့်အပြင် အာဏာသိမ်းလူတစ်စု၏ မည်သည့်ဖိအားပေး ခြိမ်းခြောက်မှု၊ အာဏာသုံးအမိန့်ထုတ်ပြန်ခြင်းများကိုမှ လိုက်နာမည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်ရွေးကောက်ပွဲက မဲစာရင်းမှားသည်ဟုဆိုတာ စစ်တပ်က နိုင်ငံတော်အာဏာကို ဖေဖေါ်ဝါရီလ (၁) ရက်နေ့က သိမ်းလိုက်သဖြင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ပြည်သူများက အကြမ်းမဖက် ငြိမ်းချမ်းသည့်နည်းလမ်းမျိုးစုံဖြင့် ဆန္ဒထုတ်ဖေါ်နေကြခြင်းဖြစ်သည်။

Tachileik News Agency