တာချီလိတ်မြို့ ရီဂျီးနားဟိုတယ်မှ ဝမ်မိုင်ရွာသို့ သွားရာလမ်းတွင် ကား၊ဆိုင်ကယ်၊ဖုန်းများကို စစ်ဆေးနေ

တာချီလိတ်မြို့ ရီဂျီးနားဟိုတယ်မှ ဝမ်မိုင်ရွာသို့ သွားရာလမ်းတွင် ကား၊ဆိုင်ကယ်၊ဖုန်းများကို စစ်ဆေးနေ
ဖေဖော်ဝါရီ 20, 2022 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ ရှိ ရီဂျီးနားဂေါက်ကွင်းအနောက်မှ ဝမ်မိုင်ရွာသို့ သွားရာလမ်းတွင် အာဏာသိမ်း စစ်ကောင်စီ တပ် နှင့်ရဲတို့ ကား/ဆိုင်ကယ်၊ ဖုန်း စစ်ဆေးမှုများ ပြုလုပ်နေပြီး စစ်သားများက ခြုံအတွင်း ပုန်းကာ စောင့်ကြည့်နေကြောင်း သိရသည်။

တာချီလိတ်မြို့ ဆန်ဆိုင်(ခ)ရပ်ကွက်အတွင်း ဂေါက်ကွင်းအနောက်ဖက် ရီဂျီးနားဟိုတယ်မှ ဝမ်မိုင်ရွာသို့ သွားရာလမ်းတွင် စစ်ကောင်စီတပ်နှင့် ရဲများက လိုင်စင်မဲ့ကား(၃)စီးဖြင့် စီးနင်းရောက်လာပြီး ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၂၀)ရက်နေ့ ညနေ(၄)နာရီဝန်းကျင်အချိန်က စပြီး စစ်ဆေးနေခြင်း ဖြစ်သည်။

အဆိုပါ လမ်းသို့ လာသမျှ ကားနှင့်ဆိုင်ကယ်များကို ရပ်တန့်စစ်ဆေးပြီး ဖုန်းများပါ ယူစစ်ကြောင်း နှင့် စစ်သားများမှ အဝေးရှိ ခြုံနားတွင် ပုန်း၍လည်း စောင့်ကြည့်ပေးနေကြောင်း သိရသည်။