SNLD ပါတီ ဒုဥက္ကဌ စိုင်းညွန့်လွင်အား ပါတီ ဥက္ကဌအဖြစ် ရွေးချယ်ခန့်အပ်

SNLD ပါတီ ဒုဥက္ကဌ စိုင်းညွန့်လွင်အား ပါတီ ဥက္ကဌအဖြစ် ရွေးချယ်ခန့်အပ်
ဖေဖော်ဝါရီ 3, 2021 | နိုင်ငံရေး
By Tachileik News Agency

လက်ရှိ နိုင်ငံရေးအခြေအနေများကြောင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ၏ ဒုတိယ ဥက္ကဌ စိုင်းညွန့်လွင်အား ပါတီဥက္ကဌအဖြစ် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၃) ရက်နေ့တွင် ရွေးချယ်တင်မြှောက်လိုက်ကြောင်း ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက သတင်းထုတ်ပြန်သည်။



SNLD ပါတီ၏ ဥက္ကဌဖြစ်သူ ခွန်ထွန်းဦးက နိုင်ငံရေးမှအနားယူခြင်းအား ဇန်နဝါရီလ (၂၆) ရက်နေ့တွင် ကျင်းပသည့် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး၌ ပါတီက လက်ခံလိုက်ပြီးနောက် ပါတီဥက္ကဌရွေးချယ်ခြင်းကို ဖေဖေါ်ဝါရီလ (၃) ရက်နေ့က ကျင်းပသည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးဖြင့် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။



ပါတီဥက္ကဌအဖြစ် ယခင် ပါတီ ဒုတိယ ဥက္ကဌဖြစ်သူ စိုင်းညွန့်လွင်၊ ဒုတိယဥက္ကဌ (၁)အဖြစ် စိုင်းခမ်းပိုင်ဖ (ခ) ဦးခင်မောင်ညွန့်နှင့် ဒုတိယဥက္ကဌ (၂) အဖြစ် စိုင်းလှဖေတို့ကို ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

 

Tachileik News Agency