ဆေးရုံပေါင်း (၇၀)ကျော်မှ ကျန်းမာရေးဝန်ထမ်းများ နှင့် ပညာရေးအဖွဲ့များ Civil Disobedience Movement Campaign စတင်

ဆေးရုံပေါင်း (၇၀)ကျော်မှ ကျန်းမာရေးဝန်ထမ်းများ နှင့် ပညာရေးအဖွဲ့များ Civil Disobedience Movement Campaign စတင်
ဖေဖော်ဝါရီ 3, 2021 | နိုင်ငံရေး
By Tachileik News Agency

ဆေးရုံပေါင်း (၇၀)ကျော်မှ ကျန်းမာရေးဝန်ထမ်းများ နှင့် ပညာရေးအဖွဲ့များ Civil Disobedience Movement Campaign စတင်

 

တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းလိုက်သည့်အတွက် နိုင်ငံအတွင်း ဆေးရုံပေါင်း (၇၀)ကျော်တွင် တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ပညာရေးအဖွဲ့များက Civil Disobedience Movement Campaign ကို ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၃) ရက်နေ့၌ စတင်ပြီဟု ကြေညာထားသည်ကို တွေ့ရသည်။



အဆိုပါ လှုပ်ရှားမှုမှာ စစ်အာဏာသိမ်းသည့်လုပ်ရပ်အား ကန့်ကွက်သည့်အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်သည့်အနေဖြင့် လက်ရှိလုပ်ငန်းတာဝန်များ ဆက်လက်ထမ်းဆောင်ခြင်းမပြုဘဲ နေကြမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကျန်းမာရေးဝန်ထမ်းအလွှာအသီးသီးမှ အဆိုပါ လှုပ်ရှားမှုတွင် ပါဝင်လာကြခြင်း ဖြစ်သော်လည်း ပြည်သူများအတွက် ဆေးရုံများတွင် အရေးပေါ်ကုသမှုများ ဆက်လက် လုပ်ဆောင်ပေးမည်ဟု ပြောကြားထားပြီး လှုပ်ရှားမှုကာလအတွင်း အခမဲ့ကုသပေးမည့် ပြင်ပဆေးခန်းများလည်း ဖွင့်လာကြသည်ကို တွေ့ရသည်။

ကျန်းမာရေးဝန်ထမ်းများနည်းတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများ အဖွဲ့ချုပ်၊ အထက်မြန်မာပြည် တက္ကသိုလ်ဆရာဆရာမသမဂ္ဂများ ကွန်ရက်၊ အောက်မြန်မာပြည် တက္ကသိုလ်ဆရာ ဆရာမသမဂ္ဂများ ကွန်ရက်၊ အခြေခံပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ ပုဂ္ဂလိက ပညာရေးသမဂ္ဂအဖွဲ့အစည်း၊ ပညာရေးဒီဂရီကောလိပ် ဆရာဆရာမ သမဂ္ဂများ ကိုယ်စားပြုကော်မတီ၊ နည်းပညာဆိုင်ရာ ဆရာများအဖွဲ့ချုပ်တို့လည်း အဆိုပါလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကြောင်း သိရသည်။

Tachileik News Agency