သတင်းမီဒီယာများနှင့် ပြည်သူများ လူမှုကွန်ယက်ပေါ်တွင် ရေးသားမှုများနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးသစ် သတိပေး

သတင်းမီဒီယာများနှင့် ပြည်သူများ လူမှုကွန်ယက်ပေါ်တွင် ရေးသားမှုများနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးသစ် သတိပေး
ဖေဖော်ဝါရီ 2, 2021 | နိုင်ငံရေး
By Tachileik News Agency

မြန်မာ့တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးအသစ် ခန့်အပ်လိုက်ပြီးနောက် ဖေဖေါ်ဝါရီလ (၂) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာနက သတင်းမီဒီယာများနှင့် ပြည်သူများအား လူမှုကွန်ယက်ပေါ်တွင် ရေးသားမှုနှင့်ပတ်သက်၍ သတိပေးလိုက်ပြီး  နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ကြပါရန်ဟု ကြေညာချက်ကို ထုတ်ပြန်လာသည်။

အချို့သော သတင်းမီဒီယာများနှင့် ပြည်သူများက လူမှုကွန်ရက်ပေါ်တွင် ကောလဟလသတင်းများ ထုတ်ပြန်ခြင်း၊ ဆူပူမှုဖြစ်အောင် စည်းရုံးလှုံ့ဆော်ခြင်းနှင့် မငြိမ်မသက်ဖြစ်စေရန် ကြေညာချက်ထုတ်ပြန်ခြင်းများ ပြုလုပ်နေကြကြောင်း တွေ့ရှိရပါသဖြင့် ထိုသို့လုပ်ဆောင်ခြင်း မပြုလုပ်ကြရန်နှင့် တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေးကြေညာအပ်ပါသည်။

ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းများ ကြီးမားစွာ ကွာခြားမှုကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပျက်ပြားစေခြင်းနှင့် နိုင်ငံတည်ငြိမ်မှုကို များစွာထိခိုက်စေ၍ နိုင်ငံတော်အာဏာသိမ်းပြီး နိုင်ငံအား အရေးပေါ်အခြေအနေ ကြေညာခဲ့ရခြင်းဖြစ်သည်ဟု အဆိုပါထုတ်ပြန်ချက်က ဆိုသည်။

Tachileik News Agency