တာချီလိတ်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး

မတ် 8, 2020
By Tachileik News Agency
တာချီလိတ်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အသက် (၄၅)နှစ်အရွယ် အမျိုးသားတစ်ဦး ၂၀၂၀ ခုနှစ်၊ မတ်လ (၈)ရက်နေ့ နံနက်ပိုင်း၌ နေအိမ်ခြံဝင်းအတွင်း ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရကြောင်း သိရသည်။

“သူ့အိမ်ခြံဝန်းထဲက သစ်ပင်မှာပဲ ကြိုးဆွဲချသွားတာ။ မနေ့ညကကို သူ့သား အလုပ်ပြန်တာ သွားကြိုသေးတယ်လို့ ပြောတယ်။ သားသမီးက (၆)ယောက်နဲ့ သူ့အမျိုးသမီးလည်းရှိတယ်”ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ပါကွေ့တောင်ပေါ်ရွာတွင် ကြိုးဆွဲချသေဆုံးနေသည့် အလောင်းကို ရဲတပ်ဖွဲ့က စစ်ဆေးပြီးနောက် နံနက် (၈)နာရီဝန်းကျင်တွင် တာချီလိတ်နာရေးကူညီမှုအသင်းက သယ်ဆောင်ပြီး တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

 Tachileik News Agency
ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~