တာခ်ီလိတ္တြင္ က်င္းပေနသည့္ အသက္(၁၂)ႏွစ္ေအာက္မွ အသက္(၁၆)ႏွစ္ေအာက္ အမ်ဳိးသားလူငယ္ေဘာလံုးၿပိဳင္ပြဲသို႔ ၿပိဳင္ပြဲ၀င္ ေဘာလံုးအသင္း (၃၈)သင္း ၀င္ေရာက္ယွဥ္ၿပိဳင္

တာခ်ီလိတ္တြင္ က်င္းပေနသည့္ အသက္(၁၂)ႏွစ္ေအာက္မွ အသက္(၁၆)ႏွစ္ေအာက္ အမ်ဳိးသားလူငယ္ေဘာလံုးၿပိဳင္ပြဲသို႔ ၿပိဳင္ပြဲ၀င္ ေဘာလံုးအသင္း (၃၈)သင္း ၀င္ေရာက္ယွဥ္ၿပိဳင္
သြဂုတ် 10, 2019
By Tachileik News Agency

အသက္(၁၂)ႏွစ္ေအာက္မွ အသက္(၁၆)ႏွစ္ေအာက္ အမ်ဳိးသားလူငယ္ေဘာလံုးၿပိဳင္ပြဲအား တာခ်ီလိတ္ၿမိဳ႕ရွိ ၿမိဳ႕နယ္အားကစားကြင္းတြင္ ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၁၀)ရက္ေန႔က စ၍ က်င္းပျပဳလုပ္ရာ စုစုေပါင္း ၿပိဳင္ပြဲေဘာလံုးအသင္း (၃၈)ႏွစ္ ပါ၀င္ ယွဥ္ၿပိဳင္ေနေၾကာင္းႏွင့္ ၿပိဳင္ပြဲအား ၂၀၁၉ခုႏွစ္ စက္တင္ဘာလ(၁)ရက္ေန႔ အထိ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ၿပိဳင္ပြဲတြင္ အသက္(၁၂)ႏွစ္ေအာက္ ၿပိဳင္ပြဲ၀င္မ်ားအျဖစ္ ေဘာလံုးအသင္း (၁၄)သင္း၊ အသက္(၁၄)ႏွစ္ေအာက္ ၿပိဳင္ပြဲ၀င္မ်ားအျဖစ္ ေဘာလံုးအသင္း(၁၃)သင္း ႏွင့္ အသက္(၁၆)ႏွစ္ေအာက္ ၿပိဳင္ပြဲ၀င္မ်ားအျဖစ္ (၁၁)သင္း ပါ၀င္ယွဥ္ၿပိဳင္ေၾကာင္း သိရသည္။

အဆိုပါ ၿပိဳင္ပြဲအား တာခ်ီလိတ္ၿမိဳ႕နယ္ပညာေရးဦးစီးဌာန ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္ေဘာလံုးအဖြဲ႔ခ်ဳပ္တို႔မွ လုပ္ငန္းရွင္မ်ား၏ ပူးေပါင္း ပါ၀င္မႈႏွင့္အတူ က်င္းပျပဳလုပ္ျခင္း ျဖစ္ေၾကာင္း သိရသည္။

ၿပိဳင္ပြဲ၏ ဖြင့္ပြဲအား ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၁၀)ရက္ေန႔ ေန႔လည္(၂)နာရီအခ်ိန္က က်င္းပျပဳလုပ္ရာတြင္ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္၊ တာခ်ီလိတ္ၿမို႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာႏွင့္ ဌာနဆိုင္ရာမ်ား၊ တာခ်ီလိတ္ၿမိဳ႕နယ္ေဘာလံုးအဖြ႔ဲခ်ဳပ္ ဥကၠဌ ဦးခင္ေမာင္ျမင့္(ေရႊမဟာကိုယ္ပိုင္အထက္တန္းေက်ာင္း) ႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ခဲ့ၾကၿပီး ၿပိဳင္ပြဲအတြက္ ပါ၀င္ပံ့ပိုးကူညီၾကသည့္ လုပ္ငန္းရွင္မ်ားအား ဂုဏ္ျပဳမွတ္တမ္းလႊာမ်ားကို တာ၀န္ရွိသူမ်ားက အသီးသီးေပးအပ္ခ်ီးျမႇင့္ၿပီးေနာက္ ပြဲဦးထြက္ၿပိဳင္ပြဲအျဖစ္ အသက္(၁၆)ႏွစ္ေအာက္ ၿပိဳင္ပြဲ၀င္အသင္းမ်ားထဲက ျပည္ခိုင္ၿဖဳိးလူငယ္ ႏွင့္ အထက-ခြဲ(ပုန္းထြန္)တိ္ု႔မွ ယွဥ္ၿပိဳင္ ကစားခဲ့ၾကသည္။

ၿပိဳင္ပြဲတြင္ အသက္အလိုက္ အုပ္စု(၃)စုရွိရာ ၾသဂုတ္လ(၁၀)ရက္ေန႔မွ စက္တင္ဘာလ(၁)ရက္ေန႔အထိ အသက္(၁၂)ႏွစ္ေအာက္ ၿပိဳင္ပြဲအား နံနက္(၈)နာရီတြင္ လည္းေကာင္း၊ အသက္(၁၄)ႏွစ္ေအာက္ ၿပိဳင္ပြဲအား နံနက္(၉)နာရီ ႏွင့္ (၉)နာရီခြဲတို႔တြင္ လည္းေကာင္း၊ အသက္(၁၆)ႏွစ္ေအာက္ ၿပိဳင္ပြဲအား ညေန(၃)နာရီခြဲတြင္ လည္းေကာင္း တစ္ရက္လွ်င္ (၃)ပြဲ က်င္းပသြားမည္ျဖစ္ေၾကာင္း ႏွင့္ ဆုေပးပြဲႏွင့္ ဗိုလ္လုပြဲအား စက္တင္ဘာလ(၁)ရက္ေန႔တြင္ က်င္းပျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အသက်(၁၂)နှစ်အောက်မှ အသက်(၁၆)နှစ်အောက် အမျိုးသားလူငယ်ဘောလုံးပြိုင်ပွဲအား တာချီလိတ်မြို့ရှိ မြို့နယ်အားကစားကွင်းတွင် ၂၀၁၉ခုနှစ် သြဂုတ်လ(၁၀)ရက်နေ့က စ၍ ကျင်းပပြုလုပ်ရာ စုစုပေါင်း ပြိုင်ပွဲဘောလုံးအသင်း (၃၈)နှစ် ပါဝင် ယှဉ်ပြိုင်နေကြောင်းနှင့် ပြိုင်ပွဲအား ၂၀၁၉ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် အသက်(၁၂)နှစ်အောက် ပြိုင်ပွဲဝင်များအဖြစ် ဘောလုံးအသင်း (၁၄)သင်း၊ အသက်(၁၄)နှစ်အောက် ပြိုင်ပွဲဝင်များအဖြစ် ဘောလုံးအသင်း(၁၃)သင်း နှင့် အသက်(၁၆)နှစ်အောက် ပြိုင်ပွဲဝင်များအဖြစ် (၁၁)သင်း ပါဝင်ယှဉ်ပြိုင်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲအား တာချီလိတ်မြို့နယ်ပညာရေးဦးစီးဌာန နှင့် တာချီလိတ်မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့မှ လုပ်ငန်းရှင်များ၏ ပူးပေါင်း ပါဝင်မှုနှင့်အတူ ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲ၏ ဖွင့်ပွဲအား ၂၀၁၉ခုနှစ် သြဂုတ်လ(၁၀)ရက်နေ့ နေ့လည်(၂)နာရီအချိန်က ကျင်းပပြုလုပ်ရာတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် ဌာနဆိုင်ရာများ၊ တာချီလိတ်မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးခင်မောင်မြင့်(ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲအတွက် ပါဝင်ပံ့ပိုးကူညီကြသည့် လုပ်ငန်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ပြီးနောက် ပွဲဦးထွက်ပြိုင်ပွဲအဖြစ် အသက်(၁၆)နှစ်အောက် ပြိုင်ပွဲဝင်အသင်းများထဲက ပြည်ခိုင်ဖြိုးလူငယ် နှင့် အထက-ခွဲ(ပုန်းထွန်)တို့်မှ ယှဉ်ပြိုင် ကစားခဲ့ကြသည်။

ပြိုင်ပွဲတွင် အသက်အလိုက် အုပ်စု(၃)စုရှိရာ သြဂုတ်လ(၁၀)ရက်နေ့မှ စက်တင်ဘာလ(၁)ရက်နေ့အထိ အသက်(၁၂)နှစ်အောက် ပြိုင်ပွဲအား နံနက်(၈)နာရီတွင် လည်းကောင်း၊ အသက်(၁၄)နှစ်အောက် ပြိုင်ပွဲအား နံနက်(၉)နာရီ နှင့် (၉)နာရီခွဲတို့တွင် လည်းကောင်း၊ အသက်(၁၆)နှစ်အောက် ပြိုင်ပွဲအား ညနေ(၃)နာရီခွဲတွင် လည်းကောင်း တစ်ရက်လျှင် (၃)ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း နှင့် ဆုပေးပွဲနှင့် ဗိုလ်လုပွဲအား စက်တင်ဘာလ(၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net