မင်းလှမြို့နယ် ခါချဉ်တောင်ပေါ်ရှိ စစ်ကောင်စီတပ်စခန်းကို PDFတပ်များ သိမ်းပိုက်

မင်းလှမြို့နယ် ခါချဉ်တောင်ပေါ်ရှိ စစ်ကောင်စီတပ်စခန်းကို PDFတပ်များ သိမ်းပိုက်
စက်တင်ဘာ 10, 2023 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း၊ မင်းလှမြိုနယ်၊ စိန်ကန့်လန့်−မြိုချောင်း ရိုးမဖြတ်ကျော်လမ်း ခါချဉ်တောင်ပေါ်၌ ကတုတ်ကျင်းများတူး၍ တပ်ဆွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၉)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ခါချဉ်တောင်ရှိ စစ်ကောင်စီတပ်စခန်းကို သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၃၈၀၂) တပ်ခွဲ(၅)မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ထွက်ပြေးသွားကြသဖြင့် စစ်ကောာင်စီတပ်၏ ဘတ်တံဆိပ်တစ်ခုနှင့် စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ကောင်စီတပ်များ ထပ်မံတပ်မဆွဲနိုင်စေရန် စခန်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးဟုဆိုသည်။

ခါချဉ်တောင်စခန်းတွင် သစ်တော၊ ရဲ၊ စစ်ကောင်စီတပ်တို့ စုပေါင်းစခန်းချ၍ ရိုးမအတွင်းမှ သစ်နှင့် သစ်တောထွက်ပစ္စည်းများအတွက် အခွန်အခကောက်ခံပေးခြင်း၊ အရပ်သားများ၏ ဆိုင်ကယ်၊ ဖုန်းနှင့် အခြားအသုံးအဆောင်များကို သိမ်းယူခြင်း၊ စစ်ကောင်စီတပ်အတွတ် သစ်တန်ရာချီ ခိုးထုတ်ခွင့်ပြုနေခြင်းတို့ကြောင့် တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅