Covid-19 ကာကွယ်ရေးအစီအမံများနဲ့ တာချီလိတ်မြို့ရဲ့ လွတ်လပ်ရေးနေ့အခမ်းအနား

Covid-19 ကာကွယ်ရေးအစီအမံများနဲ့ တာချီလိတ်မြို့ရဲ့ လွတ်လပ်ရေးနေ့အခမ်းအနား
ဇန်နဝါရီ 4, 2021 | ရှမ်းရှေ့

၂၀၂၁ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့မှာ ကျရောက်တဲ့ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို တာချီလိတ်မြို့အနေနဲ့ တာချီလိတ်မြို့မှာရှိတဲ့ ဘုရင့်နောင် ရင်ပြင်မှာ နံနက်(၄)နာရီ မိနစ်(၂၀)အချိန်က အလံတင်အခမ်းနားကို ပြုလုပ်ခဲ့ပြီး နိုင်ငံတော်သမ္မတက ပေးပို့တဲ့ သဝဏ်လွှာ  ဖတ်ကြားခြင်း အခမ်းအနားကိုတော့  နံနက်(၇)နာရီအချိန်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

 

အဲ့ဒီလိုကျင်းပရာမှာ COVID-19 ရောဂါကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ လူ (၃၀) ဦးထက်မပိုစေဘဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

တာချီလိတ်မြို့မှာ လွတ်လပ်ရေးအထိမ်းအမှတ်အဖြစ် နှစ်စဉ် ကျင်းပပြုလုပ်လေ့ရှိတဲ့ ပြိုင်ပွဲတွေကိုတော့ ဒီနှစ်မှာ Covid-19 အခြေအနေကြောင့် မကျင်းပဖြစ်ဘူးလို့ သိရပါတယ်။ 

Tachileik News Agency

သတင်းတင်ဆက် - ကိုဇောင်း

သတင်း/ရိုက်ကူး - ဟန်စိုးထိုက်

Ko Zaung is the editor-in-chief of Tachileik News Agency.