လွှတ်တော်အသီးသီးအတွက် တာချီလိတ်ခရိုင်အတွင်းမှ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ထုတ်ပြန်

လွှတ်တော်အသီးသီးအတွက် တာချီလိတ်ခရိုင်အတွင်းမှ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ထုတ်ပြန်
သြဂုတ် 30, 2020
By Tachileik News Agency
လွှတ်တော်အသီးသီးအတွက် တာချီလိတ်ခရိုင်အတွင်းမှ ရွေးကောက်ပွဲဝင်မည့်   ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ထုတ်ပြန်
၂၀၂၀ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)  တာချီလိတ်ခရိုင်အတွင်းရှိ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်  မဲဆန္ဒနယ်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၃၀)ရက်နေ့၌ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်ပြီဖြစ်သည်။
တာချီလိတ်ခရိုင်အတွင်းမှ အမျိုးလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃)တွင် နိုင်ငံရေးပါတီ (၈)ခုမှ ကိုယ်စားလှယ်လောင်း (၈)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်အတွက် မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်း (၅)ဦး၊ မိုင်းယောင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်း (၆)ဦး၊ တာချီလိတ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် (၇)ဦး စုစုပေါင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ပြည်နယ်လွှတ်တော်အတွက်  တာချီလိတ်ခရိုင်အတွင်းမှ မဲဆန္ဒနယ်(၁)များဖြစ်သည့်  တာချီလိတ်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁)မှ ကိုယ်စားလှယ်လောင်း (၇)ဦး၊ မိုင်းဖြတ်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)မှ ကိုယ်စားလှယ်လောင်း (၅)ဦး နှင့် မိုင်းယောင်းမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)မှ ကိုယ်စားလှယ်လောင်း(၇)ဦး စုစုပေါင်း (၁၉)ဦး ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

တာချီလိတ်ခရိုင်အတွင်းမှ မဲဆန္ဒနယ်(၂)များဖြစ်သည့်  တာချီလိတ်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁)မှ ကိုယ်စားလှယ်လောင်း (၇)ဦး၊ မိုင်းဖြတ်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)မှ ကိုယ်စားလှယ်လောင်း (၅)ဦး နှင့် မိုင်းယောင်းမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)မှ ကိုယ်စားလှယ်လောင်း(၇)ဦး စုစုပေါင်း (၁၉)ဦး ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ပြည်နယ်လွှတ်တော်အတွက်၊ တာချီလိတ်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၂)မှ ကိုယ်စားလှယ်လောင်း (၇)ဦး၊ မိုင်းဖြတ်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)မှ ကိုယ်စားလှယ်လောင်း(၆)ဦး နှင့် မိုင်းယောင်းမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)မှ ကိုယ်စားလှယ်လောင်း(၆)ဦး စုစုပေါင်း (၁၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၂)ခုလုံးတွင် (၃၈)ဦး ရှိသည်။
၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့၌ ကျင်းပမည်ဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~