ဧရာ၀တီ မြစ်ကူးတံတား စောင့်စခန်း KIA သိမ်းထားသည့် ရုပ်သံထွက်လာ

ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်၏ စင်းခန်း ဧရာ၀တီ မြစ်ကူးတံတား စောင့်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ ၂၀၂၄ ခုနှစ် မေလ(၇)ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်ထားသည့် ရုပ်သံထွက်ပေါ်လာသည်။

စင်းခန်းရွာသည် ဧရာဝတီ မြစ်ကူးတံတားထိပ်တွင်ရှိပြီး မိုးမောက်၊ ဗန်းမော်၊ မန်စီမြို့ တို့ကို သွားလာနိုင်သည့် တံတားဖြစ်သည်။

လက်ရှိတွင် လုံခြံရေးအရ နေရာယူထားပြီး နယ်မြေရှင်းလင်းရေး လုပ်နေသည်ဟု KIA ရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။

KIA သည် မိုးမောက်၊ မံစီနှင့် ဗန်းမော်မြို့ရှိ စစ်ကောင်စီစခန်းများကို တိုက်ခိုက်နေပြီး ဗန်းမော်မြို့နယ်ရှိ စင်းခန်း စစ်စခန်း၊ ဧရာဝတီမြစ်ကူးတံတားလုံခြုံရေးဂိတ်စခန်း၊ စင်းခန်းချောင်းကူးတံတားလုံခြုံရေးကင်းစခန်းနှင့် စင်းခန်းနယ်မြေ ရဲစခန်းတို့ကို သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

#TachileikNewsAgency

Video : Padang Nsen