မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းအား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းအား ၂၀၂၃ခုနှစ် ဩဂုတ်လ (၃)ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း Ah Nyar Myay Special Commando Defense Forceထံမှ သိရသည်။

အဆိုပါ ရဲစခန်းကို ဒေသကာကွယ်ရေးတပ်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြောက်ကျားဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ိခုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိကာ ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ဟု ဆိုသည်။

တိုက်ခိုက်မှုကို ညောင်ဦးခရိုင်အမှတ် (၁)တပ်ရင်း-Ah Nyar Myay Special Commando Defense Force၊ မြင်းခြံခရိုင်အမှတ်(၁)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း၊ စစ်ကိုင်းခရိုင်အမှတ်(၅)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်း၊ မြန်မာ့တော်ဝင်နဂါးတပ်တော်-MRDA၊ မြောင်မြို့နယ် တပ်ပေါင်းစု၊ စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDF၊ မြင်းခြံခရိုင်အမှတ်(၆)တပ်ရင်း-တပ်ခွဲ(၃)၊ MBT၊ ညောင်ဦးခရိုင်အမှတ်(၅)တပ်ရင်း၊ 11 Brother Revolution Force၊ မြစ်ငယ် PDF၊ ပုဂံဘီလူး PDFတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video : Ah Nyar Myay Special Commando Defense Force