မြင်းမူမြို့တွင် စစ်ကောင်စီတပ်သားအပြည့်ပါတွဲကားနှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့တပ်မ (၃၃)မှ စစ်ကောင်စီတပ်သားအပြည့်ပါ တွဲကားခေါင်းပြာတစ်စီးနှင့် ခေါင်းဖြူတစ်စီးအား မြင်းမူမြို့အဝင်တွင် ပေါက်ကွဲအားပြင်း မိုင်းအကြီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force MNRFမှ ထုတ်ပြန်သည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားမှာအခင်းဖြစ်ပွားရာနေရာတွင် ရှေ့သို့အနည်းငယ်သာတိုးနိုင်ပြီး ထိုးရပ်သွားခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်မှ စက်သေနတ်ကိုင်စစ်သားအပါအဝင် ကားခေါင်းထဲမှ စစ်သားနှစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိနိုင်သည်ဟု ဆိုသည်။

တိုက်ခိုက်မှုအပြီး စစ်သားများမှ ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သော်လည်း ရဲဘော်များ အထိခိုက်မရှိ ပြည်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Moe Nyo Revolution Force MNRF၊ PENTAGRAM ငါးထောင့်ကြယ်နှင့်

ကျောက်ဆည်ခရိုင်တပ်ရင်း (၂) ညီနောင်သုံးဖွဲ့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများနှင့် ဝေးဝေးတွင်နေပေးကြရန် တောင်းဆိုကြောင်းနှင့်

စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အချိန်မရွေး နေရာမရွေး တိုက်ခိုက်သွားမည်ဖြစ်ကြောင်း MNRFအဖွဲ့က ထုတ်ပြန်ထားသည်။

#TachileikNewsAgency