တောင်ငူမြို့နယ် ကြို့ပင်ဆိပ်ရွာရှိ စစ်ကောင်စီတပ်ကင်းစခန်းကို PDF တပ်ဖွဲ့တိုက်ခိုက်

ပဲခူးတိုင်း တောင်ငူမြို့နယ်၊ ကြို့ပင်ဆိပ်ရွာရှိ စစ်ကောင်စီတပ်ဖွဲ့၏ ကင်းစခန်းကို ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ ကင်းစခန်းကို PDF၊ တောင်ငူခရိုင် တပ်ရင်း(၃၅၀၁)၊ တပ်ခွဲ(၁)နှင့် တပ်ခွဲ(၅) ပူးပေါင်းအဖွဲ့စစ်ကြောင်းက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲမှာ (၃)နာရီကြာခဲ့သည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ စစ်ကူများ ရောက်ရှိလာသဖြင့် တော်လှန်ရေးအင်အားစုများမှာ စခန်းအား သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု သိရသည်။

အဆိုပါကင်းစခန်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော်တစ်ဦး ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ကြောင်း တောင်ငူခရိုင် တပ်ရင်း(၃၅၀၁)က သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Video : Bago Region PDF