ရေတလျောက်စခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံထုတ်ပြန်

ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်ဖွဲ့၏ ရေတလျောက်စခန်းအား KNLA ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၄)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည့်ရုပ်သံအား ယနေ့ စက်တင်ဘာလ (၂၀)ရက်နေတွင် Special Operation Group (SOG)တပ်ဖွဲ့က ထုတ်ပြန်လာသည်။

အဆိုပါတပ်စခန်းကို တော်လှန်ရေးတပ်များက မနက်(၈)နာရီဝန်းကျင်တွင် စတင်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ နံနက်(၈)နာရီ (၂၀)မိနစ်တွင် စခန်းတစ်ခုလုံးအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၉)ဦး သေဆုံးပြီး တခြားတပ်သားများမှာ စခန်းကို စွန့်ခွာထွက်ပြေးသွားခဲ့သည့်အပြင် ဖမ်းဆီးရမိသူများလည်း ရှိခဲ့ကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲကို KNLA တပ်ရင်း (၁၈)၊ Special Operation Group(SOG)တပ်ဖွဲ့ ၊ ဧရာဝတီအင်အားစုတပ်စု ၊ Dawna Phoenix Drone Teamနှင့် Tiger Dragon Revolution Forceတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးအင်အားစုများဘက်မှ ရဲဘော်(၄ )ဦး ဒဏ်ရာရရှိခဲ့ပြီး ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

#TachileikNewsAgency

Photo : Special Operation Group - SOG