ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးတပ်များပစ်ခတ်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံကျေးရွာရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်စခန်းတစ်ခုကို ဒေသကာကွယ်ရေးတပ်များက ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၄)ရက်နေ့တွင် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Southern YSO PDFထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဂိတ်ကို ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ရန်လာစဉ် သတင်းပေါက်ကြားပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ခဲ့ရာက ဒေသကာကွယ်ရေးတပ်များဘက်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။၊

ထို့နောက် စစ်ကောင်စီတပ်ဂိတ်စခန်းအတွင်းမှ စစ်ကောင်စီတပ်သား(၈)ဦးဝန်းကျင် ထွက်လာရာ ဒေသကာကွယ်ရေးတပ်များနှင့် ပစ်ခတ်မှုနာရီဝက်ကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိသဖြင့် လူနာတင်ယာဉ်နှင့် လာရောက်သယ်ဆောင်သွားသည်ဟု သိရသည်။

တိုက်ခိုက်မှုကို Southern YSO PDF၊ ဒေါင်းညီနောင်၊ ဒေါင်းစစ်သည်၊ ဒေါင်းသွေးနီ၊ Yesagyo Revolution Force(YRG)၊ Royal Pakokku UG၊ ညီနောင်သုံးဖော်၊ Tartay Revolutin Force၊ King Cobra၊ Black Dragon၊ Colum One စသည့် တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video : Southern YSO PDF