မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းလိုက်ပြီးနောက် တရုတ်နိုင်ငံရောက် တရားမဝင် မြန်မာလုပ်သားများ ညှင်းပန်းနှိပ်စက် အနိုင်ကျင့်ခံရမှု တိုးလာ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် တရုတ်နိုင်ငံ ပြည်မကြီးအတွင်းရှိ တရားမဝင် မြန်မာလုပ်သားများမှာ လုပ်ငန်းခွင်အတွင်း အနိုင်ကျင့်ညှင်းပန်းဖိနှိပ်ခံရမှုများနှင့် ရင်ဆိုင်ကြုံတွေ့ရမှု သိသိသာသာ တိုးလာသည့်အခြေအနေကို ထွက်ပြေးလွတ်မြောက်လာသည့် မြန်မာလုပ်သားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီနှင့် ဆက်သွယ်မေးမြန်းမှုအတွင်း ပြောပြထားပါသည်။

အဆိုပါ မြန်မာလုပ်သား ထွက်ပြေးလာသည့် တရုတ်နိုင်ငံအရှေ့ပိုင်း ဆန်းတုန်းပြည်နယ်မှ မြန်မာလုပ်သားများအခေါ်  နန်းရှီးစက်ရုံဟုဆိုသည့် SHANDONG TAI’AI CATERING MANAGEMENT Company Ltd., ၏ လုပ်ငန်းခွင်တွင် တရုတ်ရဲကဖမ်းပို့ထားပြီး လုပ်အားခမရဘဲ ညှင်းပန်းနှိပ်စက်ခံ၍ အလုပ်လုပ်နေရသူ မြန်မာလုပ်သား (၁၀၀) ကျော်မှာ မြန်မာသံရုံးအပါအဝင် မည်သည့်အဖွဲ့အစည်းထံမှ မကူအညီမရဘဲ လက်ရှိအချိန်ထိ ပိတ်မိနေကြဆဲဖြစ်ပါသည်။

 

ဆက်စပ်သတင်းများ