တာချီလိတ်မြို့တွင် လိုင်စင်မဲ့ဆိုင်ကယ်များကို မှတ်ပုံတင်ပေးခြင်းအဖြစ် ရုံးဖွင့်ရက်များ၌ ဆောင်ရွက်ပေးနေ

တာချီလိတ်မြို့တွင် လိုင်စင်မဲ့ဆိုင်ကယ်များကို မှတ်ပုံတင်ပေးခြင်းအဖြစ် ရုံးဖွင့်ရက်များ၌ ဆောင်ရွက်ပေးနေ
သြဂုတ် 11, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် လိုင်စင်မဲ့ဆိုင်ကယ်များကို မှတ်ပုံတင်ပေးခြင်းအဖြစ်  ရုံးဖွင့်ရက်များ၌ ဆောင်ရွက်ပေးနေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို မှတ်ပုံတင်ပေးခြင်း (ဆိုင်ကယ်လိုင်စင် ထုတ်ပေးခြင်း) အား အစိုးရရုံးဖွင့်ရက်များတွင် တာချီလိတ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံး၌  ဆောင်ရွက်ပေးနေကြောင်း သိရသည်။

"တရားဝင်မှတ်ပုံတင်ထားခြင်းအားဖြင့် ဥပဒေကြောင်းအရ ပြသနာတစ်ခုခု ရင်ဆိုင်ရရင် ကိုယ့်ဘက်က ရဲရဲရင့်ရင့် ရင်ဆိုင်လို့ ကောင်းတာပေါ့။ မော်တော်ဆိုင်ကယ်များကို တရားဝင် မှတ်ပုံတင်ယာဉ်အဖြစ် ဆောင်ရွက်ခြင်းဖြင့် မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များ လျော့နည်း ပပျောက်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် မှတ်ပုံမတင်ထားရသေးတဲ့ မော်တော်ဆိုင်ကယ်များ အမြန်ဆုံး လာရောက် ဆောင်ရွက်စေလိုပါတယ်"ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာချီလိတ်ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၀)ရက်နေ့၌ ပြောသည်။

တာချီလိတ်မြို့တွင် ဆိုင်ကယ် မကြာခဏပျောက်ဆုံးမှုဖြစ်နေသော်လည်း လိုင်စင်မဲ့ဆိုင်ကယ်များဖြစ်နေ၍ အများစုက အမှုဖွင့်တိုင်ကြားမှု နည်းပါးနေခြင်းဖြစ်သည်။

"ဒီမှာ အကြောင်းအရာတစ်ခုက ဘာလဲဆိုတော့ ဆိုင်ကယ်တွေက အချို့ဟာတွေက Without (လိုင်စင်မဲ့) ဆိုင်ကယ်တွေ ဖြစ်နေပါတယ်။ ရဲစခန်းမှာလာပြီးတော့ တိုင်တန်းဖို့အတွက် ပြည်သူတွေဘက်က ကြောက်ရွံ့နေတာတွေရှိတာပေါ့။ ဒီအချက်ကို ကျွန်တော်တို့အနေနဲ့ အဆင်ပြေနိုင်အောင်ဆောင်ရွက်ပေးဖို့လိုပါတယ်။ ဆိုင်ကယ်တွေဆိုရင် လိုင်စင်လုပ်ပေးနေတာရှိပါတယ်။ ကျွန်တော်မေတ္တာရပ်ခံချင်တာက ဒီဆိုင်ကယ်ပိုင်ရှင်တွေအကုန်လုံးက ကျွန်တော်တို့နိုင်ငံက ဆိုင်ကယ်လိုင်စင်တွေ လုပ်ပေးနေတယ်။ အခွန်အခကလည်း နှစ်သိန်းကျော်ပဲ ရှိတဲ့အတွက် ပြည်သူလူထုတွေအကုန်လုံးက မဖြစ်မနေ ဆိုင်ကယ်လိုင်စင်တွေလုပ်ဖို့လိုတယ်လို့ ယူဆပါတယ်။ ဒါဆိုကိုယ့်ဘက်က အားနည်းချက်လျော့သွားမယ်"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မော်တော်ဆိုင်ကယ် တရားဝင်မှတ်ပုံတင်ဆောင်ရွက်လိုသူများအနေဖြင့်  မှတ်ပုံတင်မူရင်း၊ မိတ္တူ၊ သန်းခေါင်စာရင်း မူရင်း၊ မိတ္တူ(သို့မဟုတ်) ရပ်ကွက်ထောက်ခံစာတို့ လိုအပ်မည်ဖြစ်ပြီး မော်တော်ဆိုင်ကယ်တစ်စီးအတွက်  ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကောက်ခံငွေ ကျပ် (၃၀,၀၀၀)၊ မြန်မာ့အာမခံလုပ်ငန်းသို့  ကျပ် (၅,၅၀၀)တို့ ကုန်ကျမည်ဖြစ်ပြီး အကောက်ခွန်ဦးစီးဌာနမှ ဆိုင်ကယ်တန်ဖိုး၏ (၅၀) ရာခိုင်နှုန်း ကိုပေးသွင်းရမည်ဖြစ်သည့်အတွက် ဆိုင်ကယ်အပေါ် မှတ်ပုံတင်ပေးခြင်းအတွက် သတ်မှတ်နှုန်းထားများကို တာချီလိတ်မြို့နယ်အကောက်ခွန်ဦးစီးဌာနရုံးတွင် သွားရောက် မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း  - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~