တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦးကို လူတစ်စုမှ ဓါးဖြင့်ထိုးကာ ကားပေါ်တင်ခေါ်သွား

တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦးကို လူတစ်စုမှ ဓါးဖြင့်ထိုးကာ ကားပေါ်တင်ခေါ်သွား
နိုဝင်ဘာ 13, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦးကို လူတစ်စုမှ ဓါးဖြင့်ထိုးကာ ကားပေါ်တင်ခေါ်သွား 
မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ပေါ်  ဆန်ဆိုင်း(ခ)ရပ်ကွက် ဝမ်မိုင်ရွာအတွင်းထဲမှာရှိတဲ့ နေအိမ်အခန်းငှားဝန်းအတွင်း မှာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့ ညနေ (၃)နာရီခွဲဝန်းကျင်အချိန်က ဆိုင်ကယ်နဲ့ ရောက်လာတဲ့ အမျိုးသားတစ်ဦးကို ဓားနဲ့ထိုးပြီး ကားပေါ်တင်ခေါ်သွားတဲ့ ဖြစ်စဉ် နဲ့ ပတ်သက်ပြီး CCTV မှတ်တမ်းတစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပေမဲ့ နိုဝင်ဘာလ (၁၃)ရက်နေ့အထိ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တိုင်ကြားမှုမရှိသေးဘူးလို့ သိရပါတယ်။
CCTV မှတ်တမ်းဖိုင်ကို လူမှုကွန်ယက်မှာ ပြန်လည်ကူးယူတင်နေကြပေမဲ့ အဖြစ်အပျက်နဲ့ပတ်သက်လို့ ဝမ်မိုင်ရပ်ကွက်တာဝန်ရှိသူတွေရော ရဲတပ်ဖွဲ့ကိုပါ အကြောင်းကြားထားသူ မရှိတဲ့အတွက် စုံစမ်းနေကြဆဲဖြစ်တယ်လို့ သိရပါတယ်။
CCTV မှတ်တမ်းအရ အမျိုးသား (၂)ဦးနဲ့ အမျိုးသမီး (၁) ဦးပါတဲ့အဖွဲ့ဟာ မော်တော်ယာဉ်တစ်စီးနဲ့ ညနေ (၃)နာရီခွဲကျော်ကျော်လောက်မှာ ရောက်လာပြီး ဆိုင်ကယ်နဲ့လာတဲ့အမျိုးသားတစ်ဦးကို စကားပြောဆိုပြီး ဓားနဲ့ထိုးကာ  ကားပေါ်တင်ခေါ်သွားခဲ့ကြတာကို တွေ့ရပါတယ်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~