တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း အမျိုးသားတစ်ဦးအား ဘိန်းစိမ်းများနှင့်အတူ ဖမ်းဆီးရမိ

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း အမျိုးသားတစ်ဦးအား ဘိန်းစိမ်းများနှင့်အတူ ဖမ်းဆီးရမိ
ဇူလိုင် 29, 2020
By Tachileik News Agency

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း အမျိုးသားတစ်ဦးအား ဘိန်းစိမ်းများနှင့်အတူ ဖမ်းဆီးရမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်အတွင်း၌ ဆိုင်ကယ်မောင်းလာသည့် အမျိုးသားတစ်ဦးထံက ဘိန်းစိမ်း (၁.၅)ကီလိုဝန်းကျင်ကို တွေ့ရှိ ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၊ ငွေစေတီလမ်းမပေါ်တွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါးသတင်းအရ ၂၀၂၀ခုနှစ် ဇူလိုင်လ(၂၈)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်အချိန်က စောင့်ဆိုင်း စစ်ဆေးမှုများ ပြုလုပ်ရာမှ  ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးသတင်းရရှိထားသည့် အားရှဲဆိုသူ မောင်းလာသည့် ဆိုင်ကယ်အား စစ်ဆေးရန်အတွက် ရပ်တန့်စေပြီး ရှာဖွေမှုများ ပြုလုပ်ရာက ဆိုင်ကယ်ရှေ့ ခြင်းအတွင်းမှ ဘိန်းစိမ်း (၁.၅)ကီလိုဝန်းကျင် နှင့် လက်ကိုင်ဖုန်း (၂)လုံးတို့ကို တွေ့ရှိ သိမ်းဆည်းရမိ၍ တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် စစ်ဆေးနေကြောင်း သိရှိရသည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~