တာချီလိတ်ရှိ တံတား(၂)ကို ယာယီပိတ်လိုက်သော်လည်း ကုန်သွယ်ရေး အခက်အခဲမဖြစ်ရန် ညှိနှိုင်းထား

တာချီလိတ်ရှိ တံတား(၂)ကို ယာယီပိတ်လိုက်သော်လည်း ကုန်သွယ်ရေး အခက်အခဲမဖြစ်ရန် ညှိနှိုင်းထား
မတ် 20, 2020
By Tachileik News Agency
တာချီလိတ်ရှိ တံတား(၂)ကို ယာယီပိတ်လိုက်သော်လည်း ကုန်သွယ်ရေး အခက်အခဲမဖြစ်ရန် ညှိနှိုင်းထား

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ် နဲ့ မယ်ဆိုင်အကြားမှာ ရှိတဲ့ ချစ်ကြည်ရေးတံတား (၂)စင်းအနက် ကုန်စည်များ အဓိက ပို့ဆောင်ရာများ ဖြတ်သန်းအသုံးပြုတဲ့ တံတား(၂)ကို ၂၀၂၀ခုနှစ် မတ်လ(၂၁)ရက်နေ့က စပြီး မယ်ဆိုင်ဘက်က ယာယီပိတ်လိုက်မှာ ဖြစ်တဲ့အတွက် တာချီလိတ်ဘက်က စက်သုံးစက်နဲ့ ကုန်သွယ်ရေးအတွက် ပြည်သူများ မစိုးရိမ်ရန်အတွက် ညှိုနှိုင်းဆောင်ရွက်ထားကြောင်း တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောကြားလိုက်ပါတယ်၊

အခုလို ယာယီပိတ်လိုက်တဲ့ အခိုက်အတန့်မှာ တာချီလိတ်ဘက်ကနေ စက်သုံးဆီအပါအဝင် အခြား ကုန်စည်များ တင်သွင်းလိုတာတွေကို တာချီလိတ်ကနေ တင်ပြပေးလာပါက မယ်ဆိုင်ဘက်ကို ချိတ်ဆက်ကာညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပြီး တံတား(၁)ကနေလည်း စားသုံးကုန်တွေကို တင်သွင်းခွင့်ရကြောင်း တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်၊

ထိုင်းနိုင်ငံအတွင်းမှာ ၂၀၂၀ခုနှစ်  မတ်လ(၁၉)ရက်နေ့ ညပိုင်းအထိ ကိုရိုနာကူးစက်ခံရသူ  (၂၇၀)ကျော်ရှိလာတဲ့အတွက် ထိုင်းအစိုးရက မတ်လ(၂၀)ရက်နေ့ နေ့လည်ပိုင်းမှာ တာချီလိတ် နဲ့ မယ်ဆိုင်အကြားမှာ ရှိတဲ့ ချစ်ကြည်ရေးတံတား(၂)စင်းထဲက (၁)စင်းကို ယာယီပိတ်ဖို့ ညွှန်ကြားထားတာဖြစ်ကြောင်း ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်

  Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~