ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၁၂)ဦးကို တာချီလိတ်သို့ လာရောက်လွှဲပြောင်းရာ ပဲခူးတိုင်းမှ အများဆုံး ပါဝင်

ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၁၂)ဦးကို တာချီလိတ်သို့ လာရောက်လွှဲပြောင်းရာ ပဲခူးတိုင်းမှ အများဆုံး ပါဝင်
ဇန်နဝါရီ 21, 2020
By Tachileik News Agency
 ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၁၂)ဦးကို  တာချီလိတ်သို့ လာရောက်လွှဲပြောင်းရာ ပဲခူးတိုင်းမှ အများဆုံး ပါဝင်

ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၁၂)ဦးကို နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်သို့  ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၁)ရက်နေ့တွင် ထိုင်းတာဝန်ရှိသူများက လွှဲပြောင်းပေးလာရာ ပဲခူးတိုင်းမှ အများဆုံး ပါဝင်ကြောင်း သည်။

မြန်မာနိုင်ငံသား အမျိုးသား (၉)ဦးနှင့် အမျိုးသမီး (၃)ဦးကို ထိုင်းတာဝန်ရှိသူများက မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂) တံတားတွင် လာရောက်လွှဲပြောင်းပေးရာ မြန်မာဘက်မှ တာဝန်ရှိသူများက စိစစ်လက်ခံကြခြင်းဖြစ်သည်။

လာရောက်လွှဲပြောင်းပေးလာသည့် (၁၃)ဦးတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ (၂)ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ (၂)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၁)ဦး နှင့် ပဲခူးတိုင်းဒေသကြီးမှ (၇)ဦီး ပါဝင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူများ ပြစ်ဒဏ်ကျခံပြီးပါက မြန်မာနိုင်ငံဘက်မှ နယ်စပ်မြို့များဖြစ်သည့် ကရင်ပြည်နယ် မြဝတီမြို့နှင့် ရှမ်းပြည်နယ် တာချီလိတ်မြို့များသို့ ထိုင်းနိုင်ငံဘက်မှ ပြန်လည်လွှဲပြောင်းပေးလေ့ရှိခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင် ထိုင်းဘက်မှ ပြန်လည်လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားများကို လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူကုန်တားအဖွဲ့နှင့် CNCMC အဖွဲ့တို့က စိစစ်လက်ခံကြခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~